ဇာတ်ကားများ ရွေးရန်

Love Phobia

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Love Phobia (2026) အပိုင်း 1 မှ 8 စ/ဆုံး အခုတစ်ခါမှာတော့ Crushology 101 , Idol I က မင်းသားလေး Kim Hyun Jin , The tale of Lady Ok, Bitter Sweet Hell က မင်းသမီးလေး Lee Da In, The King’s affection မှ မင်းသားလေး Choi Byung Chan နဲ့ တခြားသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ အချစ်ဟာသကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ် .. ဇာတ်လမ်းအညွှန်း Yoon Bi-a ဟာ AI ကို အခြေခံထားတဲ့ dating app ကို စီမံခန့်ခွဲနေတဲ့ အောင်မြင်တဲ့ ကိုယ်စားလှယ်တစ်ဦးပါ။ သူမဟာ အပြင်ပန်းမှာတော့ ပရော်ဖက်ရှင်နယ်ဆန်ပြီး ယုံကြည်ချက်အပြည့်နဲ့ အောင်မြင်တဲ့သူလို့ ထင်ရပေမဲ့ တကယ်တမ်းမှာတော့ အတိတ်က ဖြစ်ရပ်ကြောင့် လူတွေနဲ့ တစ်နာရီထက်ပိုပြီး အနီးကပ် မနေနိုင်တဲ့ စိတ်ဒဏ်ရာကို သယ်ပိုးထားရသူလေးဖြစ်ပါတယ်။ အဲဒါကြောင့်ပဲ AI ကလူတွေထက် ပိုသက်သောင့်သက်သာဖြစ်စေတယ်လို့ ယုံကြည်ပြီး သူမနဲ့ ၁၀၀ % ကိုက်ညီပြီး ၁၀၀% စစ်မှန်တဲ့အချစ်ကို ပေးစွမ်းနိုင်တဲ့ AI နဲ့ အချစ် era တစ်ခုကို ဖန်တီးခဲ့ပါတယ်။ တစ်ဖက်မှာတော့ နာမည်ကြီး အချစ်ဝတ္ထုစာရေးဆရာဖြစ်တဲ့ Han Seon Ho ကတော့ အချစ်အကြောင်းတွေကို လှလှပပနဲ့ ဖွဲ့နွဲ့ရေးသားနိုင်ပေမဲ့လည်း တကယ် လက်တွေ့ဘဝမှာတော့ ကိုယ့်ခံစားချက်ကိုယ် နားမလည်ဘဲ အဖြေရှာရခက်နေသူတစ်ဦးပါ။ အဲဒါကြောင့်ပဲ သူ့ရဲ့ကိုယ်ရေးကိုယ်တာဆက်ဆံရေးမှာ အမြဲတမ်း ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပေါ့ .. အဲဒီလိုမျိုး မတူညီတဲ့ စိတ်ဒဏ်ရာ အသီးသီးကို ထွေးပွေ့ထားရတဲ့ သူတို့နှစ်ယောက်ဟာ Bi-a ရဲ့ AI ပရောဂျက်ကြောင့် တွေ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ .. ဖုံးကွယ်ထားတဲ့ နာကျင်မှုတွေ စိတ်ဒဏ်ရာတွေကို အချင်းချင်း ကုစားပေးရင်းနဲ့ အကျင့်စရိုက်ချင်း လုံးဝ ကွဲပြားတဲ့ သူတို့နှစ်ယောက်ကြားမှာ အချစ်ပန်းလေး ဖူးပွင့်လာမလားဆိုတာကို ဒီဇာတ်ကားလေးထဲမှာ အတူစောင့်မျှော်ကြည့်ရှုလိုက်ရအောင်နော် .. Episodes: 8 Aired: Feb 19, 2026 - Mar 13, 2026 Aired On: Thursday, Friday Original Network: U+ Mobile TV Genres: Comedy, Romance, Sci-Fi, Fantasy, Drama

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း