ဇာတ်ကားများ ရွေးရန်

Witch's Romance

2014ဇာတ်လမ်းတွဲအမှတ် 8.7/10

Witch's Romance (2014) အပိုင်းသစ် (1 မှ 16) စ/ဆုံး ဒီတစ်ခေါက်မှာတော့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာ ဖြစ်ကြောင်းကို လှလှပပလေး ပုံဖော်ရိုက်ကူးပြထားတဲ့ မနဲ့မောင် အချစ်ဟာသ စီးရီးဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေဖြစ်ကြတဲ့ မင်းသမီးကြီး Uhm Jung-Hwa နဲ့ မင်းသား Park Seo-Jun တို့ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်ထားကြတဲ့ အချစ်ခန်းတွေကို စောင်ကိုက်ရင်း ကြည့်ရှုရမှာပါ။ - ဇာတ်လမ်းအကျဉ်း - ဘန်ဂျီယွန်း (Uhm Jung-Hwa) ကတော့ အသက် ၃၉ နှစ်အရွယ် ထက်မြက်တဲ့ သတင်းထောက်တစ်ဦးဖြစ်ပြီး အတိတ်က မင်္ဂလာပွဲပျက်ခဲ့ရတဲ့ စိတ်ဒဏ်ရာကြောင့် အချစ်ကို ကျောခိုင်းထားသူပါ။ အလုပ်အပေါ် အလွန်အကျွံ စိတ်အားထက်သန်လွန်းတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေကြား သူ့ကို ခေါ်လေ့ရှိတဲ့ နာမည်ပြောင်ကတော့ "စုန်းမ"ပါတဲ့.... တစ်နေ့မှာ ဂျီယွန်းရဲ့ဘဝထဲကို အချိန်ပိုင်းအလုပ်မျိုးစုံ လုပ်ကိုင်နေတဲ့ အသက် ၂၅ နှစ်အရွယ် ယွန်းဒုံဟာ (Park Seo-Jun) ဆိုသူက ဝင်ရောက်လာပါတော့တယ်။ ဒုံဟာက အပြင်ပန်းမှာ အမြဲ ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်လို့ ထင်ရပေမဲ့လည်း တကယ်တမ်းမှာက မတော်တဆမှုကြောင့် ချစ်သူဆုံးပါးသွားခဲ့ရတဲ့ နာကျင်စရာအတိတ်ကို ပိုက်ထွေးထားရသူပါ။ အသက် ၁၄ နှစ် ကွာခြားတဲ့ သူတို့နှစ်ဦးကြား မထင်မှတ်ထားတဲ့ သံယောဇဉ်တွေ တစ်စတစ်စ အမြစ်တွယ်လာတဲ့အခါမှာတော့... အချစ်ဆိုတာ အချိန်အခါထက် လူရွေးမှန်ဖို့ပဲ လိုပါတယ်တဲ့... အတိတ်က နာကျင်မှုတွေကို အပြန်အလှန် ဖေးမကုစားပေးရင်း ဂျီယွန်းနဲ့ ဒုံဟာတို့က ဘယ်လိုမျိုး အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားကြမလဲဆိုတာကို ခံစားကြည့်ရှုလိုက်ကြပါဦးရှင်။ Aired: Apr 14, 2014 - Jun 10, 2014 Aired On: Monday, Tuesday Genres: Business, Comedy, Romance Episodes: 16 Original Network: tvN

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း