ဇာတ်ကားများ ရွေးရန်

Phantom Lawyer

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

Phantom Lawyer (2026) အပိုင်းသစ် (1 မှ 16) စ/ဆုံး ယခုတစ်ခေါက်မှာတော့ Mystery, Comedy, Law ဇာတ်လမ်းအမျိုးအစားလေးဖြစ်တဲ့အပြင် မင်းသား Yoo Yeon Seok, မင်းသမီး Esom တို့အပြင် အခြားနာမည်ကြီး သရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ သရဲတွေကိုယ်စား အမှုလိုက်ပေးသွားမဲ့ ‌ရှေ့နေဇာတ်လမ်းတွဲသစ်လေးကို ပရိသတ်ကြီးများအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှင်းအီရန်း (Yoo Yeon Seok) ဟာ သူ့ပုံပန်းသွင်ပြင်နှင့် မလိုက်မဖက် ကပျက်ကချော်နိုင်တဲ့သူဖြစ်တဲ့အပြင် သရဲတစ္ဆေတွေကို မြင်နေရတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး ဟာနာယွန်း (Esom) ကတော့ ပြင်းထန်လှတဲ့ အနိုင်လိုချင်စိတ်ကြောင့် သူမရဲ့ နယ်ပယ်မှာ အမှုပေါင်းများစွာ အနိုင်ရထားတဲ့ ထိပ်တန်းရှေ့နေတစ်ဦးဖြစ်ပါတယ်။ သရဲတွေကို မြင်နေတဲ့ ရှေ့နေ ရှင်းအီရန်းနဲ့ ထိပ်တန်းရှေ့နေ ဟာနာယွန်းတို့ ၂ ယောက် ပူးပေါင်းပြီး အထူးအမှုသည်ဖြစ်တဲ့ သရဲတစ္ဆေတွေအတွက် အမှုလိုက်ပေးဖို့ ဖြစ်လာတဲ့အခါမှာတော့... ပုံမှန် အမှုသည်တွေ မဟုတ်တဲ့ သူတို့ရဲ့ ထူးခြားတဲ့ အမှုသည်တွေအတွက် အမှန်တရားနဲ့ တရားမျှတမှုတွေကို ဥပဒေဘောင်အတွင်းကနေ ဘယ်လိုများ ဖြေရှင်းပေးသွားမလဲဆိုတာကို ဒီ Phantom Lawyer ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်လေးမှာ အပတ်စဥ် သောကြာ၊ စနေနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ Aired: Mar 13, 2026 - May 2, 2026 Aired On: Friday, Saturday Genres: Mystery, Comedy, Law, Supernatural Episodes: 16 Original Network: SBS

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း