Love You Teacher
ချစ်သောဆရာ (၂၀၂၆) "ချစ်သူသက်တမ်းတလျှောက်မှာ လူကြီးတစ်ယောက်လိုချစ်ခဲ့ရတဲ့သူက ရုတ်တရက် ကလေးတစ်ယောက်လို ပြောင်းလဲသွားတဲ့အခါ..." ကဲ... BL (Boy's Love) ဇာတ်ကားကောင်းကောင်းလေးတွေ မျှော်နေကြတဲ့ ဖူဂျိုရှီ မမတွေနဲ့ ရင်ခုန်စရာ Rom-Com လေးတွေ ကြိုက်တဲ့ ပရိသတ်ကြီးအတွက် ၂၀၂၆ ခုနှစ်ရဲ့ အသစ်စက်စက် ထိုင်း BL စီးရီးသစ်လေးကို ခုပဲ တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ ဒီကားလေးကတော့ Perfect 10 Liners တုန်းက အချိတ်အဆက်မိမိနဲ့ ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ Perth နဲ့ Santa တို့ကို Main Lead အနေနဲ့ အားရပါးရ ပြန်လည်ရှုစားရမယ့် GMMTV က ဇာတ်ကားသစ်လေးပါပဲ။ ဇာတ်လမ်းအကျဉ်းလေးကတော့...ဖိုမက် (Perth) နဲ့ ဆိုလာ (Santa) တို့နှစ်ယောက်ဟာ မူလတန်းကျောင်းဆရာတွေဖြစ်ပြီး သိပ်ချစ်ကြတဲ့ ချစ်သူတွေလည်း ဖြစ်ကြပါတယ်။ ပြဿနာ ဖိုမက်ဟာ ကလေးတွေကို လုံးဝ (လုံးဝ) မချစ်တတ်တဲ့သူဖြစ်ပြီး၊ ဆိုလာကတော့ ကလေးတွေကို အရမ်းချစ်တတ်တဲ့သူပါ။ ပွပ်မက်က ကလေးတွေကို မနှစ်မြို့ပေမယ့် သူ့ချစ်သူ ဆိုလာနဲ့ အတူတူရှိချင်လို့သာ ဆရာအလုပ်ကို ဇွတ်မှိတ်ပြီး လုပ်နေတာပေါ့။ ဒီလိုနဲ့ သာယာနေတဲ့ သူတို့ရဲ့ အချစ်ရေးလေးထဲကို ကံကြမ္မာက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခု ဖန်တီးလိုက်ပါတယ်။ ဆိုလာ တစ်ယောက် မတော်တဆမှုတစ်ခုဖြစ်ပြီး ဦးနှောက်ထိခိုက်သွားရာကနေ အသက် ၇ နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ စိတ်အခြေအနေကို ပြန်ရောက်သွားပါတော့တယ်။ ထူးဆန်းတာက နေ့တိုင်း ကလေးစိတ်ပေါက်နေတာ မဟုတ်ဘဲ၊ တစ်ရက်က လူကြီး "ဆိုလာ" အဖြစ် ပုံမှန်အတိုင်းရှိနေပြီး၊ နောက်တစ်ရက်ကျရင်တော့ အသက် ၇ နှစ်အရွယ် ကလေးလေး "ဆန်း" (Sun) အဖြစ် အလှည့်ကျ ပြောင်းလဲနေတဲ့အခါ… ကလေးဆိုရင် အဝေးကရှောင်တတ်တဲ့ ဆရာပွပ်မက်တစ်ယောက်... တစ်ရက်ခြားတစ်ခါ ကလေးစိတ်ဝင်နေတဲ့ သူ့ချစ်သူကို ဘယ်လို သည်းခံပြီး ထိန်းကျောင်းရမလဲ။ လူကြီးဖြစ်နေတဲ့အချိန် ရိုမန်တစ်ဆန်ဆန် အချစ်တွေနဲ့ သာယာပေမဲ့ ကလေးဖြစ်သွားတဲ့အချိန်မှာရော ဘယ်လို ဗရုတ်သုတ်ခ အလွဲတွေနဲ့ ရယ်ရမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ Genre..... Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 800MB | 300MB Format… mp4 Duration…. 50 min Episodes.....10 Episodes
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း