ဇာတ်ကားများ ရွေးရန်

Chasing Love, Chasing Cash

2026ဇာတ်လမ်းတွဲ

"ကိုယ့်အ​ကြွေးရှင် ချာတိတ်မ​လေး" "ဂျော့တ်"ဆိုတဲ့ Motivation Speaker Youtuber ဟာ မိန်းမဖြစ်သူရဲ့ ​ငွေ​ကြေးလိမ်လည်ခြင်းကို ခံလိုက်ရပါတယ်။ ​ ဂျော့တ်ရဲ့မိန်းမဖြစ်သူ "ဖိုင့်" ဟာ ​ဂျော့တ်ဆီက ​ငွေ​ကြေး​တွေကိုသာမက တရားမဝင်​​ချေးငွေ​တွေယူထားပြီး အ​ကြွေးရှင်အားလုံးကိုရှောင်ကာ က​လေးတစ်​ယောက်နဲ့ ​"ဂျော့တ်"ကို ထားခဲ့ပါတယ် ဒီ​တော့ ​​ဂျော့တ်ဟာ မိန်းမဖြစ်သူရဲ့အ​ကြွေးကို​ဖြေရှင်းရင်း ရှိသမျှကုန်ခဲ့ရတဲ့အပြင် ကွန်ဒိုပါ​ရောင်းခဲ့ရပါတယ်။ တဖက်မှာလည်း "စတမ်"ဆိုတဲ့​ကောင်မ​လေးဟာ ​ကော်ဖီဆိုင်ဖွင့်ဖို့ အိပ်မက်​လေးရှိ​ပေမဲ့ အိမ်ကမ​ထောက်ပံ့​ပေးတာ​ကြောင့် ​ကော်ဖီဆိုင်မှာ အလုပ်သင်ဝင်လုပ်​နေခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် စတမ်ရဲ့အ​မေဟာ သမီးဖြစ်သူကို အ​ကြွေး​တောင်းခိုင်းရာ အ​ကြွေးယူထားတဲ့သူဟာ ​ဂျော့တ်ရဲ့ဇနီးဖြစ်​နေပြန်ပါတယ်။ ​"ဂျော့တ်"ဟာ ကွန်ဒိုကို​ရောင်းချပြီး ​ကော်ဖီဆိုင်ဖွင့်ဖို့ အရင်းနှီးလုပ်ခဲ့ပါတယ်။ "စတမ်"ဟာလည်း ​ကော်ဖီဆိုင်ဖွင့်ချင်တဲ့အိပ်မက်ရှိတာ​ကြောင့် "​ဂျော့တ်"ဆီက ရမဲ့အ​ကြွေး​တွေကို ရဖို့ရှိတာ​ကြောင့် အ​ပေးယူအ​နေနဲ့ ​ဂျော့တ်ရဲ့​ကော်ဖီဆိုင်မှာ ရှယ်ယာဝင်ခွင့်​တောင်းခဲ့ပါတယ်။ ဒီ​တော့ "​ဂျော့တ်"နဲ့ "စတမ်"တိုရဲ့ အဆုံးသတ်ဟာ ဘယ်လိုဖြစ်သွားမလဲ...... ​စတမ်ရဲ့အိပ်မက်​တွေကို အ​ကောင်ထည်​ဖော်နိုင်ပါ့မလား...... လမ်း​ပျောက်​နေတဲ့ "စတမ်"အတွက် ​"ဂျော့တ်"က စိတ်ခွန်အား​ပေးနိုင်ပါ့မလား............ က​​လေးတစ်​ယောက်အ​ဖေဖြစ်တဲ့ ​"ဂျော့တ်"နဲ့ "စတမ်"တို့ရဲ့ နှလုံးသား​ရေးရာဆက်ဆံ​ရေး​က​ရော ဘယ်လိုအဆုံးသတ်မလဲဆိုတာတွေအပြင် "ဂျော့တ်"က​ရော သူ့ရဲ့အ​ကြွေး​တွေကို ဘယ်လိုနည်းနဲ့ပြန်ဆပ်သွားမလဲဆိုတာကို ​ပေါ့​ပေါ့ပါးပါး​လေးနဲ့ "ကိုယ့်အ​ကြွေးရှင် ချာတိတ်မ​လေး" ဇာတ်လမ်းတွဲကို ကြည့်ရှုရမှာဖြစ်ပါတယ် File size…(1 GB)/(480 Mb) Quality….Webrip 1080p / 720p Duration…. 00:55:00

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း