ဇာတ်ကားများ ရွေးရန်

The Genius Paik S3

2026ဇာတ်လမ်းတွဲအမှတ် 8.8/10

The Genius Paik S3 (2026) အပိုင်းသစ် (1 မှ 8) စ/ဆုံး ဒီတစ်ခေါက်မှာတော့ ကိုးရီးယားနာမည်ကျော် စားဖိုမှူး Paik Jong-Won, မင်းသား Lee Jang-Woo, Yoon Si-Yoon, အဆိုတော် John Park နဲ့ SNSD အဖွဲ့ဝင် Yuri တို့ ပါဝင်ထားတဲ့ ရှိုးအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးမှာတော့ စားဖိုမှူးဘဲ့နဲ့ အဖွဲ့သားတွေက ကိုးရီးယားအစားအစာတွေနဲ့ စိမ်းသက်နေသေးတဲ့ ပြင်သစ်နိုင်ငံက နာမည်ကြီး မာစီရာလမ်းပေါ်မှာ စားသောက်ဆိုင် သွားရောက်ဖွင့်လှစ်ကြမှာပဲဖြစ်ပါတယ်။ အရသာရှိတဲ့ နာမည်ကြီး စားသောက်ဆိုင်ပေါင်း ၃၈ ဆိုင်တိတိ အပြိုင်အဆိုင် ဖွင့်လှစ်ထားတဲ့ အဆိုပါ လမ်းမပေါ်မှာ တစ်ပတ်တာအတွင်း တစ်နှစ်စာ စုစု‌ပေါင်း ရောင်းအား ဝမ် ၁ ဘီလီယံ (တစ်ပတ်တာ ပျမ်းမျှရောင်းအား ယူရို ၁၃,၀၀၀ ဝန်းကျင်) စံချိန်တင်နိုင်ဖို့ ကြိုးစားသွားကြရမှာပါ။ နာမည်ကြီး ပြင်သစ်ဟင်းလျာတွေကြားမှာ ကိုးရီးယားစားသောက်ဆိုင်လေးက နေရာတစ်နေရာ ရယူနိုင်ပါ့မလား... စားဖိုမှူးဘဲ့တို့ အဖွဲ့က ဘယ်လို ဆန်းသစ်ထွေပြားတဲ့ မီနူးတွေ၊ စီးပွားရေးဗျူဟာတွေနဲ့အတူ တစ်နှစ်စာရောင်းအား ဝမ် ၁ ဘီလီယံ စံချိန်တင်နိုင်ဖို့ စိန်ခေါ်သွားမလဲဆိုတာကို အပတ်စဉ် စောင့်ကြည့်အားပေးရအောင်ပါနော်။ Aired: Feb 10, 2026 - Mar 31, 2026 Aired On: Tuesday Genres: Food, Adventure, Business, Reality Show Episodes: 8 Original Network: tvN

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း