ဇာတ်ကားများ ရွေးရန်

Cabbage Your Life

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Cabbage Your Life (2026) အပိုင်း 1 မှ 12 စ/ဆုံး အခုတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် Healing ဖြစ်စေမဲ့ ပေါ့ပေါ့ပါးပါး မိသားစု ဟာသဒရမ်မာအသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကလည်း အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင် Park Sung Woong , Lee Soo Kyung, Ghost9 အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lee Jin Woo, Our universe ထဲက မင်းသမီးလေး Choi Gyu Ri တို့ အဓိကပါဝင်ထားပြီး အခြားသရုပ်ဆောင်တွေလည်း များစွာပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း ဆိုးလ်မြို့က လုပ်ငန်းကြီးတစ်ခုမှာ ဌာနမှူးအဖြစ် လုပ်ကိုင်နေတဲ့ Seong Tae Hun ( Park Sung Woong) ဟာ မမျှော်လင့်ထားတဲ့ အခြေအနေတစ်ခုကြောင့် ရုတ်တရက်ကြီး ကျေးလက်တောရွာဘက်ကို ဇနီး ၊ သား ၃ ယောက်နဲ့ အတူ ပြောင်းရွှေ့ဖို့ ဖြစ်လာခဲ့ပါတယ်။ မြို့ပြမှာပဲ မွေး ၊ မြို့ပြမှာပဲ ကြီးပြင်းလာကြပြီး စိုက်ပျိုးမွေးမြူရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလည်းမရှိ ၊ ကျေးလက်ဒေသမှာ နေဖူးတဲ့ အတွေ့အကြုံလည်း မရှိတဲ့ သူတို့မိသားစုအဖို့ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ရတဲ့အခါမှာတော့ ဆိုးလ်မြို့ကို ပြန်သွားရဖို့အတွက် ကြိုးစားရုန်းကန်ကြပါတော့တယ်။ ဒီလိုနဲ့ ကျေးလက်ဒေသရဲ့ လူနေမှုဘဝနဲ့ စိမ်းသက်ပြီး နယ်ခံတွေနဲ့လည်း အဆင်မပြေ၊ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရင်း အချိန်ကြာလာတာနဲ့အမျှ မိသားစုရဲ့ တန်ဖိုး၊ ဘဝရဲ့ ပျော်ရွှင်မှု အစစ်အမှန်တွေကို ဘယ်လိုရှာဖွေတွေ့ရှိသွားကြမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတဲ့ မိသားစုဒရမ်မာလေးကို အပတ်စဉ် ကြာသပတေးနေ့တိုင်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ Episodes: 12 Aired: Mar 26, 2026 - Jun 11, 2026 Aired On: Thursday Original Network: KBS2 Duration: 1h 10m Genre: Comedy, Drama, Family, Sitcom Subtitle: Myanmar Subtitle (Hard Sub)

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း