Hometown Romance
"ကျေးလက်ဖူးစာ" တစ်ချိန်က ပန်းခင်းလို နူးညံ့ချောမွေ့တဲ့ဘဝကို ပိုင်ဆိုင်ခဲ့တဲ့ “စီ” ဟာ မထင်မှတ်ဘဲ လောကဓံရဲ့ ရိုက်ခတ်မှုကြောင့် မိသားစုစီးပွားရေး အကြီးအကျယ် အခက်အခဲကြုံလိုက်ရပြီး အားလုံးကို ပြန်လည်ကယ်တင်နိုင်မယ့် တစ်ခုတည်းသောအခွင့်အရေးကတော့ မိသားစုအတွက် အရေးကြီးဆုံး စျေးဝယ်စင်တာတည်ရှိတဲ့ မြေယာကို ဆက်လက်ငှားရမ်းခွင့် ရရှိဖို့ပါပဲ... ဒါပေမယ့်… အရာအားလုံးက ထင်ထားသလို မလွယ်ကူခဲ့ပါဘူး... မြေပိုင်ရှင်ဖြစ်တဲ့ “ကောင့်” က သဘာဝနဲ့အတူ ရိုးရှင်းစွာနေထိုင်တဲ့ ကျေးလက်တောရွာကကောင်မလေးတစ်ယောက်ဖြစ်ပြီး မထင်မှတ်ထားတဲ့ ကမ်းလှမ်းချက်တစ်ခုကို ကမ်းလှမ်းလိုက်ပါတော့တယ်...၏ “ငါနဲ့လက်ထပ်မယ်ဆိုရင် ငှားရမ်းခွင့်ကို ဆက်ပေးမယ်”ဆိုတဲ့ ကမ်းလှမ်းချက်ပါ... အဲဒီအချိန်ကစပြီး မြိုပြမှာနေထိုင်ခဲ့တဲ့ "စီ"က မတူညီတဲ့ကမ္ဘာတစ်ခုဖြစ်တဲ့ ကျေးလက်ရွာသူဘဝထဲကို ဝင်ရောက်လာရပါတယ်။ တစ်ဖက်မှာလည်း "ကောင့် " ဟာ အေးချမ်းတည်ငြိမ်တဲ့ဘဝထဲကို ဝင်ရောက်လာတဲ့ စိတ်ကြီးပြီး ကိုယ့်စိတ်ကိုပဲသိတဲ့ သူဌေးသမီးလေးနဲ့ ရင်ဆိုင်ရပြန်ပါတယ်... “သဘောတူညီချက်” နဲ့စခဲ့တဲ့ ဆက်ဆံရေးက တဖြည်းဖြည်း နှလုံးသားတွေ ချိတ်ဆက်လာတဲ့ ချစ်ခြင်းမေတ္တာတစ်ခု ဖြစ်လာမလား... မတူညီတဲ့ ကမ္ဘာနှစ်ခု မတူညီတဲ့ လူနှစ်ယောက်အနေနဲ့ စမ်းသပ်မှုတွေအများကြီးကြားမှာ ဒီချစ်ခြင်းဟာ စီးပွားရေး သဘောတူညီချက်တစ်ခုသာ ဖြစ်နေမလား... ဒါမှမဟုတ် နှစ်ဦးစလုံး မခွဲခွာချင်တော့တဲ့ “နှလုံးသားရဲ့အိမ်” တစ်ခု ဖြစ်လာမလားဆိုတာ....... စိတ်လှုပ်ရှားစရာ ရင်ခုန်စရာ ဇာတ်လမ်းလေးမို့ ဆက်ကြည့်ပေးပါဦးရှင့်
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း