The Miniature Wife
The Miniature Wife (2026) Season 01 (စ/ဆုံး) ဒီဇာတ်လမ်းတွဲက ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့ကမှ Peacock မှာ အသစ်ထွက်ထားတဲ့ Sci-Fi ဟာသ အမျိုးအစားပါ။ အပိုင်း ၁၀ ပိုင်း ပါဝင်ပြီး ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်လမ်းတွဲပါပဲ။ ဇာတ်လမ်းထဲမှာ Matthew Macfadyen နဲ့ Elizabeth Banks တို့က အဓိက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက Les နဲ့ Lindy ဆိုတဲ့ လင်မယားနှစ်ယောက်အကြောင်းပါ။ Lindy က ပူလစ်ဇာဆုရထားတဲ့ စာရေးဆရာမတစ်ယောက်ဖြစ်ပြီး Les ကတော့ ရည်မှန်းချက်ကြီးတဲ့ သိပ္ပံပညာရှင်ပေါ့။ သူတို့နှစ်ယောက် အိမ်ထောင်သက်သာ ကြာလာတယ်၊ တစ်ယောက်နဲ့တစ်ယောက် အားပြိုင်တာတွေရော၊ သဘောထားမတိုက်ဆိုင်တာတွေရော များလာပြီး အိမ်ထောင်ရေးက အဆင်မပြေဖြစ်နေကြတာပါ။ တစ်ရက်မှာ Les တီထွင်ထားတဲ့ အရာဝတ္ထုတွေကို သေးငယ်သွားစေတဲ့ ဆေးရည်က အမှားအယွင်းဖြစ်ပြီး သူ့မိန်းမ Lindy ကို သွားစင်မိပါလေရော။ အဲဒီမှာတင် Lindy က ၆ လက်မအရွယ်လေးအဖြစ်ကို သေးငယ်သွားပါတယ်။ ယောက်ျားလုပ်သူ Les လည်း ပြန်ကြီးလာအောင် လုပ်တဲ့ဆေးကို ရှာမတွေ့သေးတာမို့ Lindy ကို အန္တရာယ်ကင်းအောင်ဆိုပြီး သူတို့သမီးဆော့တဲ့ အရုပ်အိမ်လေးထဲမှာ ထည့်ထားလိုက်ရတယ်။ဒီလိုနဲ့ ဇာတ်လမ်းက ပိုစိတ်ဝင်စားစရာကောင်းလာပါတယ်။ လူကသာ သေးသွားတာ၊ Lindy ရဲ့ စိတ်က ပိုပြီး ပြင်းထန်လာတယ်။ သူ့ကို ချုပ်ချယ်ချင်နေတဲ့ Les နဲ့ အရုပ်အိမ်လေးထဲကနေ ပြန်ပြီး အာဏာလွန်ဆွဲကြပါတော့တယ်။ တခြားတစ်ဖက်မှာလည်း Les ရဲ့ တီထွင်ထားတာကို အပိုင်စီးချင်နေတဲ့ ဘီလီယံနာသူဌေးကြီးရဲ့ အန္တရာယ်တွေရော၊ Lindy ဘက်ကလည်း သူ့တပည့်ဆီက စာမူခိုးချတယ်ဆိုတဲ့ ပြဿနာတွေရော ပါဝင်လာပါတယ်။ ဒါရော ဟိုဟာရော ပေါင်းပြီး သူတို့လင်မယားနှစ်ယောက် ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာကို ရယ်ရမလိုလိုနဲ့ လူ့သဘာဝတွေကိုပါ ထည့်ရိုက်ပြထားတာပါ။ ဘာလို့ကြည့်သင့်လဲဇာတ်လမ်းက ကြည့်ရတာ အရမ်းအလေးကြီးမဟုတ်ဘဲ ခပ်ပေါ့ပေါ့ပါးပါး သွားထားတဲ့အတွက် အနားယူရင်း ကြည့်ဖို့ အဆင်ပြေပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းမျိုးကို လူကြီးဆန်ဆန် အိမ်ထောင်ရေးပြဿနာတွေနဲ့ ရောနှောပြီး တင်ဆက်ထားတာပါ။ Elizabeth Banks သရုပ်ဆောင်ထားတာတွေက အရမ်းမိုက်သလို၊ Matthew Macfadyen ရဲ့ ကြောင်တောင်တောင် သိပ္ပံပညာရှင် ကာရိုက်တာကလည်း ဇာတ်လမ်းကို ပိုပြီး အသက်ဝင်စေပါတယ်။ ရယ်လည်းရယ်ရ၊ လင်မယားကြားက အားပြိုင်တာတွေကိုလည်း ပုံစံဆန်းဆန်းလေးနဲ့ ကြည့်ရမယ့် ဇာတ်လမ်းတွဲသစ်လေး ဖြစ်ပါတယ်။ File size… (700 MB) / (350 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Episode.... 10 Genre…. Comedy, Drama, Romance Duration…. 40min Subtitle…. Myanmar Subtitle (Hardsub)
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း