ဇာတ်ကားများ ရွေးရန်

Filing for Love

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

Filing for Love (2026) အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီတစ်ခေါက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် မတည့်တဲ့သူတွေကြားက chemistry မိမိနဲ့ ရယ်စရာ အသည်းယားစရာ moment တွေကို ကြည့်ရှုခံစားရမယ့် မမ Shin Hae-Sun ရဲ့ ရုံးတွင်းအချစ်ဟာသ ဇာတ်လမ်းတွဲအသစ်လေး ထွက်ရှိလာပြီဖြစ်ပါတယ် ။ Cast တွေအနေနဲ့ကတော့ Shin Hae-Sun အပါအဝင် ပရိသတ်အားလုံး သိထားပြီးသားဖြစ်ကြတဲ့ Second Shot at Love ထဲက Gong Myung၊ Her Private Life ထဲက မင်းသား Kim Jae-Wook နဲ့ Buried Hearts ထဲက မင်းသမီးချော Hong Hwa-Yeon တို့အဓိက ပါဝင်ထားတာကြောင့် cast နဲ့တင် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ~ နိုဂီဂျွန်း (Gong Myung) ဟာ ဟယ်မူလုပ်ငန်စုရဲ့ ရုံးတွင်းစာရင်းစစ်အဖွဲ့ ၁ မှာ အတော်ဆုံးအဖွဲ့ဝင် ဖြစ်ပါတယ် ။ ချောမောတဲ့ရုပ်ရည်၊ ထက်မြက်တဲ့ဦးနှောက်နဲ့ အရာရာ အဆင်ပြေနေခဲ့တဲ့ သူ့ရဲ့ ဝန်ထမ်းဘဝလေးဟာ အထက်လူကြီးဖြစ်တဲ့ ဂျူအင်အာ (Shin Hae-Sun) နဲ့ ပတ်သတ်မိပြီး နောက်မှာတော့ ရုံးတွင်းကောလာဟလတွေနဲ့ အတူ ရာထူးချခံလိုက်ရပြီး အရှုံးသမားတွေများတဲ့ အဖွဲ့ဖြစ်တဲ့ စာရင်းစစ် အဖွဲ့ ၃ ကို ရောက်သွားပါတော့တယ်။ ဒီလိုနဲ့ပဲ နိုဂီဂျွန်းတစ်ယောက် ဂျူအင်အာကို လက်စားပြန်ချေဖို့အတွက် သူမရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ လုပ်ရာကနေ ဂျူအင်အာရဲ့ လျှို့ဝှက်တဲ့ဘဝနဲ့ အတိတ်ဒဏ်ရာတွေ ရှိနေတာကိုပါ သိသွားပြီးနောက်မှာတော့ .. စိတ်ဒဏ်ရာတွေကို အချင်းချင်းကုစားကြရင်း လက်စားချေချင်တဲ့ မုန်းတီးတဲ့စိတ်ကနေတစ်ဆင့် မြင်ပါများပြီး ချစ်ကျွမ်းဝင်သွားကြမဲ့ စာရင်းစစ်အဖွဲ့ရဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို စနေ တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ရှုစားပေးပါဦးနော်။ Episodes: 12 Aired: Apr 25, 2026 - May 31, 2026 Aired On: Saturday, Sunday Original Network: tvN Genres: Comedy, Romance, Melodrama

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း