ဇာတ်ကားများ ရွေးရန်

Chad Powers

2025ဇာတ်လမ်းတွဲအမှတ် 8.1/104K

Chad Powers (2025) Season 01/02 (စ/ဆုံး) မင်းသားချော Glen Powell ဖန်တီးထားတဲ့ ဒီ American sports comedy စီးရီးက ၂၀၂၅ ခုနှစ်မှာ Season 1 ကို အပိုင်း ၆ ပိုင်း ထွက်ရှိထားတာ ဖြစ်ပါတယ်။ Glen Powell ကိုယ်တိုင် အဓိကဇာတ်ကောင် ဖြစ်တဲ့ ချတ်ပါဝါးစ်ဆိုတဲ့ နေရာမှာ ပါဝင်ထားပြီး မင်းသမီး Perry Mattfeld နဲ့ မင်းသား Steve Zahn တို့ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရက်စ်ဟောလီဒေးဆိုတဲ့ နာမည်ကျော် ဘောလုံးကစားသမား (ကွင်းလယ်လူ) ဟာဆိုရင် သူတို့အဖွဲ့ ချန်ပီယံဆုရမယ့် ဖိုင်နယ်ပွဲမှာမှ အမှားလုပ်မိတဲ့အတွက် တစ်ဖက်အသင်းက ချန်ပီယံဆုကို ရသွားခဲ့တယ်။ ဒါအပြင် သူ့ကို အားပေးတဲ့ ကင်ဆာရောဂါသည်ကလေးလေးက သူ့ကိုကွင်းဘေးကနေ အားပေးစကားပြောတာကို ပွဲကရှုံးသွားတဲ့အတွက် ရှုံးမဲမဲပြီး ကလေးအဖေဖြစ်သူကို မချေမငံ ပြန်ပြောရာကစလို့ ထိုးကျိတ်မိတဲ့အထိ ဖြစ်သွားပါလေရော။ သတင်းတိုင်းနီးပါး သူ့ရဲ့ ကံဆိုးမှုက ဟိုးလေးတကျော်ကျော် ဖြစ်သွားပြီးနောက် သူ့ကို ဘယ်အသင်းကမှလည်း စာချုပ်မချုပ်တော့ဘူး။ သူ့ရဲ့ ကစားသမားဘဝက ဒီလိုပဲ အဆုံးသတ်ရတော့မလားဆိုပြီး စိတ်ပျက်နေချိန် ပွဲစဉ်တိုင်း ဆက်တိုက် ရှုံးနေတဲ့ အသင်းတစ်ခုက ကွင်းလယ်လူနေရာအတွက် လူရွေးပွဲကျင်းပတာကို သွားတွေ့လိုက်တယ်။ ရက်စ်ရဲ့ ဖခင်က နာမည်ကြီး မင်းသားမင်းသမီးတွေအတွက် ရုပ်ဖျက် မိတ်ကပ်အတတ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူ ဖြစ်တော့ ဖခင်ဖြစ်သူရဲ့ ပစ္စည်းတွေကို ခိုးပြီး လူရွေးပွဲကို သူသွားပြိုင်ပါတော့တယ်။ နည်းပြက နာမည်မေးချိန် သူ့ကိုယ်သူ ချတ်ပါဝါးစ်လို့ လုပ်ကြံဖန်တီးပြောပြီး ပြိုင်လိုက်တာမှာ နည်းပြအကြိုက်နဲ့ ကွက်တိကျသွားတော့ ရက်စ်ဟောလီဒေးတစ်ယောက် ဘယ်အချိန်ထိ အားလုံးကို လိမ်နိုင်မလဲ။ အသင်းရဲ့ စုတ်ပြတ်သတ်နေတဲ့ ရမှတ်တွေကိုရော သူကယ်တင်ပေးနိုင်မှာလား။ တစ်ချိန်က ကံဆိုးမှုတွေက သူ့နောက်ကို ဆက်လိုက်လာဦးမလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ Season 2 ကလည်း မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ File size… (2 GB) / (700 MB) / (350 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Episode... 6 Genre…. Comedy, Sport Duration…. 30min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

12 အပိုင်း၊ season 2 season

ဇာတ်လမ်းအကြောင်း