Naughty Business
"Naughty Business" (စပိန်အမည်အားဖြင့် - Cochinas) ဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က Amazon Prime Video မှာ အသစ်ထွက်ရှိထားတဲ့ လူကြိုက်များ စပိန် ဟာသ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ်။ ဖန်တီးသူများဖြစ်တဲ့ Carlos del Hoyo နဲ့ Irene Bohoyo တို့က ရေးသားထားပြီး စုစုပေါင်း အပိုင်း (၈) ပိုင်း ပါဝင်ပါတယ်။ ဇာတ်လမ်းကို ၁၉၉၈ ခုနှစ်၊ စပိန်နိုင်ငံ Valladolid မြို့မှာ အခြေတည်ထားပါတယ်။ ရှေးရိုးစွဲဆန်တဲ့ အိမ်ရှင်မတစ်ဦးဖြစ်သူ Nines ရဲ့ ခင်ပွန်းဖြစ်သူဟာ ရုတ်တရက် သတိလစ်မေ့မြော (Coma) သွားတဲ့အခါ သူမရဲ့ ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပါတယ်။ ခင်ပွန်းသည်မရှိတဲ့နောက် Nines ဟာ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့ မိသားစုပိုင် 'Dorothy' အမည်ရ ဗီဒီယိုခွေငှားဆိုင်လေးကို မဖြစ်မနေ ဆက်လက်ဦးစီးဖို့ တာဝန်ကျလာပါတော့တယ်။ ဆိုင်ကို ဆက်လက်ရပ်တည်နိုင်ဖို့ နည်းလမ်းရှာရင်း၊ ငွေဝင်နိုင်မယ့် တစ်ခုတည်းသော အမျိုးအစားဖြစ်တဲ့ လူကြီးကြည့် ဗီဒီယိုကား (Adult films/Porn) တွေကို အဓိကထား ငှားဖို့ သူမ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ ရှေးရိုးစွဲ အိမ်ရှင်မကြီးတစ်ယောက်ကနေ အပြာ ကားဗီဒီယိုဆိုင်ပိုင်ရှင်အဖြစ် ရုတ်တရက် အသွင်ပြောင်းသွားတဲ့အခါ ရပ်ကွက်ထဲမှာ ဘယ်လိုတွေ ဂယက်ရိုက်သွားမလဲ၊ ဆိုင်ဝန်ထမ်းတွေဖြစ်တဲ့ အကြောတင်းမလေး Chon၊ ရုပ်ရှင်ဝါသနာအိုး Agus တို့နဲ့အတူ စီးပွားရေးကို ဘယ်လိုတွေ တိုးချဲ့ကြမလဲဆိုတာကို အချိတ်အဆက်မိမိ ရယ်စရာကောင်းအောင် ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ် ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ အငွေ့အသက် (Retro Vibe) တွေကို သေသေချာချာ ပြန်လည်ဖန်တီးထားတာ တွေ့ရပါတယ်။ လူကြီးဟာသ (Adult Comedy) အမျိုးအစားဖြစ်ပေမယ့် ရုန့်ရင်းကြမ်းတမ်းလွန်းတာမျိုး မဟုတ်ဘဲ၊ လိင်မှုကိစ္စကို ပွင့်ပွင့်လင်းလင်းနဲ့ ရယ်စရာကောင်းအောင် ဇာတ်လမ်းဆင်ထားနိုင်ပါတယ်။ ဟာသကားဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိခြင်း (Self-reinvention)၊ လိင်မှုဆိုင်ရာ ရှေးရိုးစွဲအမြင်တွေကို ချိုးဖျက်ခြင်းစတဲ့ အကြောင်းအရာတွေကိုပါ ပေါ့ပေါ့ပါးပါးလေးနဲ့ ပေးစွမ်းသွားနိုင်ပါတယ်။ လိင်အသားပေးအခန်းတွေ ပါဝင်တဲ့အတွက် မိသားစုနဲ့အတူကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး။ File size… 600 MB/300 MB(Appx;)@Episode Quality… WEB DL 1080p / 720p Format… mp4 Duration…. 30m@Episode Genre ..... Comedy , Drama Subtitle…. Myanmar Subtitle (Hard Sub)
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း