ဇာတ်ကားများ ရွေးရန်

The Other Bennet Sister

2026ဇာတ်လမ်းတွဲအမှတ် 8.4/10

Jane Austen ရဲ့ နာမည်ကျော် Pride and Prejudice ဇာတ်လမ်းကို ကြည့်ဖူး၊ ဖတ်ဖူးတဲ့သူတိုင်း Bennet ညီအစ်မ ၅ ယောက်ကို သိကြမှာပါ။ အလှဆုံး Jane နဲ့ စိတ်ဓာတ်ခိုင်မာတဲ့ Lizzie တို့ကို လူတိုင်းသတိထားမိကြပေမယ့် အလယ်အလတ်ဖြစ်ပြီး အမြဲဖယ်ကြဉ်ခံရတတ်တဲ့ ညီအစ်မတစ်ယောက်ဖြစ်တဲ့ Mary Bennet ကိုတော့ သိပ်ပြီးသတိမထားမိကြပါဘူး။ အခု BBC One နဲ့ BritBox တို့ကနေ ၂၀၂၆ ခုနှစ် မတ်လနဲ့ မေလတို့မှာ အသစ်ထွက်ရှိလာတဲ့ "The Other Bennet Sister" ဇာတ်လမ်းတွဲကတော့ အဲ့ဒီ Mary Bennet ရဲ့ ဘဝကို အဓိကထား ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ Janice Hadlow ရဲ့ ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ အရောင်းရဆုံး ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပြီး အပိုင်း (၁၀) ပိုင်း (တစ်ပိုင်းကို မိနစ် ၃၀ ခန့်) ပါဝင်ပါတယ်။ ဇာတ်လမ်းအစပိုင်းမှာ Pride and Prejudice ထဲက အဖြစ်အပျက်တွေကိုပဲ Mary Bennet ရဲ့ ရှုထောင့်ကနေ မြင်တွေ့ရမှာပါ။ Mary ဟာ စာအုပ်တွေ၊ စာပေတွေကိုပဲ ခုံမင်ပြီး လူမှုရေးမှာ အဆင်မပြေတဲ့အတွက် မိသားစုထဲမှာရော အပြင်မှာပါ အမြဲအလှောင်ခံ၊ အနှိမ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အထူးသဖြင့် အမေဖြစ်သူ (Mrs. Bennet) ရဲ့ အမြဲတမ်း နှိမ်ချဆက်ဆံတာကို ခံရသူပါ။ ဒါပေမယ့် အချစ်ရေးနဲ့ မိသားစုအရေး အဆင်မပြေမှုတွေဖြစ်ပြီးနောက်မှာတော့ Mary ဟာ လန်ဒန်မြို့က ဦးလေးနဲ့ အဒေါ်ဖြစ်သူ (Mr. and Mrs. Gardiner) တို့ဆီကို သွားရောက်နေထိုင်ခဲ့ရပါတယ်။ အဲဒီလန်ဒန်မြို့မှာပဲ သူမကို အပြစ်မမြင်ဘဲ နားလည်ပေးနိုင်တဲ့ မိတ်ဆွေသစ်တွေ၊ ပတ်ဝန်းကျင်သစ်တွေနဲ့ တွေ့ဆုံရပြီး သူမရဲ့ တကယ့်ကိုယ်ပိုင်ဘဝနဲ့ တန်ဖိုးကို ရှာဖွေတွေ့ရှိသွားတဲ့အပြင် စိတ်ဝင်စားစရာကောင်းတဲ့ လူငယ်လေးတွေ (ဥပမာ - Mr. Hayward နဲ့ Mr. Ryder) နဲ့ပါ တွေ့ဆုံလာရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ : ဒီဇာတ်လမ်းတွဲဟာ Bridgerton လိုမျိုး ခေတ်သစ်အငွေ့အသက်တွေ ရောနှောထားတာမျိုး မဟုတ်ဘဲ ၁၉ ရာစုအစောပိုင်းက တကယ့်အပြင်အဆင်၊ မိတ်ကပ်မပါတဲ့ သဘာဝကျကျ အလှအပတွေကို ပုံဖော်ထားပါတယ်။ ဇာတ်ကောင်တွေဟာ အဲဒီခေတ်က စာပေတွေနဲ့ ဒဿနိကဗေဒအကြောင်းတွေကို လေးလေးနက်နက် ဆွေးနွေးလေ့ရှိပြီး သမိုင်းနောက်ခံကို တကယ့်ကို သဘာဝကျကျ ရိုက်ကူးထားပါတယ်။ "The Other Bennet Sister" ဟာ ၂၀၂၆ ခုနှစ်ရဲ့ အကောင်းဆုံး Period Drama တွေထဲက တစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ အပိုင်းတိုတိုလေးတွေ (တစ်ပိုင်းကို မိနစ် ၃၀) မို့လို့ ပိတ်ရက်မှာ Binge-watch လုပ်ဖို့ အထူးသင့်တော်ပါတယ်။ အမြဲတမ်း နောက်ကွယ်မှာပဲ နေခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ရဲ့ကိုယ်ပိုင်ဇာတ်ခုံပေါ် ရောက်လာတဲ့အခါ ဘယ်လောက်တောင် တောက်ပလာနိုင်လဲဆိုတာကို ဒီဇာတ်လမ်းတွဲလေးမှာ သွားရောက်ခံစားကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ File size… 500 MB / 200 MB Quality… WEB DL 1080p / 720p Format… mp4 Duration…. 30m @Episode Genre ..... Comedy , Drama Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း