Check In to You
Check In To You (2026) အပိုင်း 1 မှ 6 စ/ဆုံး " ကမ္ဘာချင်းမတူဘဲ မွေးဖွားလာတဲ့ လူသား ၂ ယောက်က ချစ်မိသွားဖို့ဆိုရင် ဝိညာဥ်ချင်းလဲသွားမှပဲဖြစ်နိုင်လိမ့်မယ် " အေးစက်စက်နဲ့ လက်တွေ့ဆန်လွန်းတဲ့ သူဌေးတစ်ယောက်နဲ့.... စိတ်ကူးယဉ်တတ်ပြီး အလုပ်ကိုမြတ်နိုးတဲ့ မန်နေဂျာတစ်ယောက်တို့ရဲ့ကြားက အချစ်ဇာတ်လမ်းကို စိတ်ကူးယဥ်ဆန်ဆန် ပုံဖော်ရိုက်ကူးထားတဲ့ "Check In To You" ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ချာဒိုဂယောင်း (Hwang Dong Hee)က အမြဲလိုလို အလုပ်ကိုပဲ ဦးစားပေးပြီး စိတ်ခံစားချက်ထက် ငွေကြေးနဲ့ တန်ဖိုးကိုသာ အဓိကထားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ယွန်းဂျီအို (Kim Dong Won) ကတော့ ချာဒိုဂယောင်းပိုင်တဲ့ တည်းခိုခန်းလေးမှာ မန်နေဂျာအဖြစ်လုပ်ကိုင်နေသူတစ်ဦးပါ။ ဂျီအိုက ပိုက်ဆံအတွက်ကြောင့်မဟုတ်ဘဲ အဲဒီတည်းခိုခန်းကသူ့အတွက်တန်ဖိုးရှိတာကြောင့် လုပ်ကိုင်နေတာဖြစ်ပါတယ်။ ချာဒိုဂယောင်းဟာ သူ့ရဲ့ စီးပွားရေးအမြင်နဲ့ လိုက်မညီတဲ့ တည်းခိုခန်းလေးကို ရောင်းချဖို့ ကြိုးစားပေမဲ့ ယွန်းဂျီအိုကတော့ အဲဒီနေရာလေးရဲ့ တန်ဖိုးကို ကာကွယ်ဖို့ ကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ ပဋိပက္ခတွေ စတင်လာခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုမှာ ဝိညာဉ်ချင်းလဲလှယ်သွားတဲ့အခါမှာတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ရဲ့ဘဝထဲကို တစ်ယောက် တိုးဝင်ရင်းနဲ့ တကယ့်အချစ်ဆိုတာ ဘာလဲဆိုတာကို နားလည်လာကြပါတော့တယ်။ ဒီဇာတ်ကားမှာဆိုရင်တော့ အဓိကဇာတ်ဆောင်နှစ်ဦးရဲ့ စရိုက်ချင်းမတူတာကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ရယ်မောစရာ စိတ်လှုပ်ရှားစရာနဲ့ နူးညံ့သိမ်မွေ့တဲ့ အချစ်အခိုက်အတန့်တွေကို အကောင်းဆုံး ခံစားရမှာပါ။ ဒါကြောင့် စိတ်ကူးယဉ်ဆန်ဆန် အချစ်ဇာတ်လမ်းတွေကို နှစ်သက်တဲ့သူတွေနဲ့ BL ဒရာမာတွေကို ဝါသနာပါတဲ့ ပရိသတ်တွေအတွက် "Check In to You" ဟာ အချိန်ပေးပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း အကြံပြုလိုက်ရပါတယ်။ Episodes: 6 Aired: May 21, 2026 - Jun 18, 2026 Aired On: Thursday Original Network: Shortime Duration: 10 min Genres: Romance, Fantasy Subtitle: Myanmar Subtitle (Hardsub)
အပိုင်းများ
6 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း