ဇာတ်ကားများ ရွေးရန်

Rooster

2026ဇာတ်လမ်းတွဲအမှတ် 7.6/10

Rooster (2026) HBO ကနေ ထုတ်လွှင့်လာတဲ့ ဒီစီးရီးက Comedy အမျိုးအစားဖြစ်ပြီး အဓိကပါဝင်သရုပ်ဆောင်ထားသူကတော့ The Office စီးရီးထဲက Steve Carell ပါ။ ဒီစီဇင်မှာ ၁၀ ပိုင်းပါဝင်မှာ ဖြစ်ပြီး ဒုတိယစီဇင် ထွက်ရှိဖို့အတွက်လည်း လျာထားပြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂရက်ဂ်ရူဆို’ဆိုတဲ့ နာမည်ကျော် ရောင်းအားအကောင်းဆုံးစာအုပ် ၁၁ အုပ်ကို ရေးသားဖူးတဲ့ စာရေးဆရာတစ်ယောက်က သမီးဖြစ်သူ ကေတီရဲ့ အိမ်ထောင်ရေးအရှုပ်တော်ပုံ ဇာတ်လမ်းကြောင့် ကေတီကို အားပေးဖို့ သူမအလုပ်လုပ်တဲ့ ကောလိပ်မှာ စာပေဟောပြောပွဲ လာကျင်းပပေးပါတယ်။ ပွဲလာကျင်းပတာလို့ နှုတ်ကပြောပေမယ့် အဓိက ရည်ရွယ်ချက်က ယောက်ျားဖောက်ပြန်သွားလို့ စိတ်ညစ်နေတဲ့ သမီးလေးကို လာကြည့်တာပါ။ သူ့တုန်းကလည်း ကေတီရဲ့အမေက ဖောက်ပြန်သွားခဲ့တာ သူ့ခမျာ ဆယ်စုနှစ်ကျော်တဲ့အထိ ကေတီရဲ့အမေကို မုမအွန်နိုင်တဲ့အတွက် သူ့သမီးလေးလည်း ဖအေခြေရာကို နင်းပြီး လမ်းပျောက်မှာကို စိုးနေခဲ့တာပေါ့။ ဂရက်ဂ်က သမီးဖြစ်သူကို ချစ်တဲ့စိတ်နဲ့ အားတင်းပြီး ဟောပြောပွဲလုပ်ရပေမယ့် သူက introvert အကြီးစားပါ။ ဘာပါတီမှလည်း မတက်ချင်၊ သူနဲ့ အကြည့်ချင်းဆုံရင်တောင် ပြောနေတဲ့စကားတွေ လေထဲမှာ ကြက်ပျောက်ငှက်ပျောက် ဖြစ်တတ်သူပေါ့။ ဒါပေမဲ့ ကေတီတို့ရဲ့ ကောလိပ်မှာ ကျောင်းတွင်းစာရေးဆရာဆိုတဲ့ ရာထူးတစ်ခုက လစ်လပ်နေပြီး ကျောင်းအုပ်ကြီးက အဲ့နေရာကို ဂရက်ဂ်ကို ပေးချင်နေခဲ့တာ။ ဂရက်ဂ်က အစကတည်းက လူတောမတိုးရဲတဲ့သူဆိုတော့ ငြင်းပေမယ့် ကေတီက ပြဿနာတစ်ခုရှာမိပြီး အလုပ်ပြုတ်တော့မယ့် အနေအထားဖြစ်သွားတော့ … ကေတီကိုအလုပ်မဖြုတ်ဖို့ သူက ယာယီ ကျောင်းတွင်းစာရေးဆရာဆိုတဲ့ ရာထူးနဲ့ ကလေးတွေကို စာသင်ပေးဖို့ အကြောင်းဖန်လာတော့တယ်။ အစပိုင်းလေးမှာ ဇာတ်ကအေးသလို ရှိပေမယ့် နောက်ပိုင်းရောက်လာလေ ကောလိပ်တစ်ခုတည်းမှာ ဆရာ/ဆရာမတွေ ဖြစ်ကြတဲ့ ဖအေက တလွဲလုပ်လိုက်၊ သမီးက တလွဲလုပ်လိုက်နဲ့ ကွာဟလာတဲ့ ဂျန်နရေးရှင်းကြောင့် ဂရက်ဂ်တို့လို အသက် ၅၀ အထက် ဆရာတွေ အခက်ကြုံရပုံကို ရိုက်ပြထားတာ တကယ်ရယ်ရပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း