Reborn Rookie
Reborn Rookie (2026) အပိုင်းသစ် (1 မှ 12) စ/ဆုံး 2022 ခုနှစ်တုန်းက ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ Reborn Rich ရဲ့ မူရင်းဝတ္ထုစာရေးဆရာ San Kyeong ရေးသားတဲ့ Web Novel ကို အခြေခံရိုက်ကူးထားတဲ့ ဒရမ်မာသစ်လေး ထွက်ရှိလာပါပြီ။ Main Cast များအနေနဲ့ When Life Gives You Tangerines ထဲက မင်းသား Lee Jun-Young, Twenty Five Twenty One ထဲက မင်းသမီး Lee Ju-Myoung, Not Others ထဲက မင်းသမီး Jeon Hye-Jin, Descendants of The Sun ထဲက မင်းသား Jin Goo နဲ့ The WONDERfools ထဲက မင်းသားကြီး Son Hyun-Joo တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ - ဇာတ်လမ်းအကျဉ်း - စီးပွားရေးလောကရဲ့ နတ်ဘုရားလို့ တင်စားခံထားရတဲ့ ချွဲဆောင်းလုပ်ငန်းစု ဥက္ကဌ ဂန်ယုံးဟို (Son Hyun-Joo) ဟာ လူငယ်လေးတစ်ယောက်နဲ့ ခေါင်းချင်းတိုက်မိရာကနေ ခန္ဓာကိုယ်ချင်းလဲသွားပြီး သူ့ရဲ့ မူလခန္ဓာကိုယ်ကတော့ ကိုမာအခြေအနေ ဖြစ်သွားခဲ့ရပါတယ်။ အဲဒီလူငယ်လေးကတော့ တခြားမဟုတ်ဘဲ သူ့ရဲ့ အမြွှာသားသမီး နှစ်ယောက်ဖြစ်တဲ့ ဂန်ဂျယ်ဂယောင်း (Jeon Hye-Jin) နဲ့ ဂန်ဂျယ်ဆောင်း (Jin Goo) တို့ ကျူးလွန်ခဲ့တဲ့ ကားတိုက်ပြေးမှုကြောင့် ဘောလုံးကစားသမားဘဝ အဆုံးသတ်သွားခဲ့ရတဲ့ ဟွမ်ဂျွန်ဟျွန်း (Lee Jun-Young) ဆိုသူပါပဲ။ အမွေဆက်ခံသူကို မကြေညာရသေးတဲ့ ဥက္ကဌဂန်က အခုထိ အဆင်သင့်မဖြစ်သေးတဲ့ မိသားစုဝင်တွေလက်ထဲ ကုမ္ပဏီကို မအပ်လိုက်နိုင်တာကြောင့် ဝန်ထမ်းသစ်လေး ဟွမ်ဂျွန်ဟျွန်းအဖြစ်နဲ့ ချွဲဆောင်းလုပ်ငန်းစုထဲ အလုပ်ဝင်လာတဲ့အခါမှာတော့... အေးချမ်းခြင်းကင်းမဲ့နေတဲ့ ချွဲဆောင်းလုပ်ငန်းစု မိသားစုဝင်တွေကြားက အာဏာလုပွဲရဲ့ အဆုံးမှာ ဘယ်သူက အာဏာကို အပိုင်သိမ်းနိုင်သွားမှာလဲဆိုတာကိုတော့ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း စောင့်မျှော်အားပေးကြပါဦးနော်။ Aired: May 30, 2026 - Jul 5, 2026 Aired On: Saturday, Sunday Genres: Mystery, Business, Comedy, Fantasy Episodes: 12 Original Network: JTBC
အပိုင်းများ
12 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း