ဇာတ်ကားများ ရွေးရန်

Under the Working Desk

2026ဇာတ်လမ်းတွဲ

"အလုပ်တစ်ရာ လစာနှစ်ဆယ်" ချို-ပွမ့်-ပင် ဆိုတဲ့သူငယ်ချင်း သုံး​ယောက်ဟာ အသက်​လေးဆယ်​ကျော်မှ အလုပ်ပြုတ်သွားခဲ့ပါတယ်။ အလုပ်ပြုတ်ပြီးတဲ့​နောက်း ချမ်းသာချင်​ဇောများပြီး အလွယ်လမ်းလိုက်ရင်း ရှယ်ယာအလိမ်ခံလိုက်ကြရပြန်ပါတယ်။ အလုပ်လက်မဲ့ဖြစ်သွားတဲ့အပြင် အ​ကြွေးပါတင်သွားတဲ့သူငယ်ချင်းသုံး​ယောက်ဟာ အစ်မအွိင့်ဆိုတဲ့ စီနီယာအစ်မတစ်​ယောက်ရဲ့အကူအညီနဲ့ပိုက်ဆံ​ချေးငှားခဲ့ပါတယ်။ထုံးစံအတိုင်း ငွေ​ချေးစာချုပ်ချုပ်ဆိုခဲ့ကြ​ပေမဲ့ သူငယ်ချင်းသုံး​ယောက်ဟာ သ​ဘောတူညီချက်ကို ​သေချာမဖတ်ခဲ့ကြပါဘူး။ ဘဝအသစ်ကိုစတင်ဖို့ သူငယ်ချင်းသုံး​ယောက်ဟာ လုပ်ငန်းအသစ်၊ ကုမ္ပဏီအသစ်တည်​ထောင်ပြီး အားကြိုးမာန်တက်ကြိုးပမ်းဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါ့အပြင် အလုပ်အသစ်မှာ လူငယ်Gen Z ​တွေကိုအလုပ်ခန့်ဖို့ဖြစ်လာခဲ့ပြီး Gen Z နဲ့ Gen Y တို့ရဲ့မတူကွဲပြားမှု​တွေ အလုပ်ဖိအား​တွေရှိလာတဲ့အချိန်မှာတော့.............. အသက် ၄၀ မှဘဝစတင်ခဲ့ကြတဲ့ သူတို့သူငယ်ချင်းသုံး​ယောက်ရဲ့လုပ်ငန်းက အဆင်​ပြေပါ့မလား......... Generation ကွာခြားမှုရှိတဲ့ဝန်ထမ်း​တွေရဲ့ဆက်ဆံ​ရေးတွေကရော ဘယ်လိုရှိ​နေမလဲ...... အချိန်နဲ့အမျှတိုးတက်​နေတဲ့ကမ္ဘာကြီးနဲ့ယှဥ်ပြီး ဘဝကိုစတင်​နေကြတဲ့ အသက် ၄၀​ကျော်သူငယ်ချင်းသုံးဦးရဲ့ လုပ်ငန်းခွင်ဘဝအမောတွေကို ဟာသနှောပြီးခွီရမယ့် Thai Comedy Series ​​လေးမို့ အပတ်စဉ် စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။

အပိုင်းများ

21 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 21 အပိုင်း

ဇာတ်လမ်းအကြောင်း