ဇာတ်ကားများ ရွေးရန်

Elle

2026ဇာတ်လမ်းတွဲအမှတ် 7.6/10

Elle (2026) Season 01 ( စ/ဆုံး ) Legally Blonde ကားမျိုးကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ အလွတ်မခံသင့်တဲ့ စီးရီးပါပဲ။ အဲဒီကားထဲက အဓိကဇာတ်ကောင် Elle Woods တစ်ယောက် ဟားဗတ်ကို မရောက်ခင် အထက်တန်းကျောင်းသူဘဝတုန်းက ဘယ်လိုတွေ ဖြတ်သန်းခဲ့ရလဲဆိုတာကို ပြန်ရိုက်ပြထားတဲ့ Prequel စီးရီး "Elle" Season 1 ထွက်လာပါပြီ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ၁၉၉၅ ခုနှစ်ကို အခြေခံထားတာပါ။ အသက် ၁၆ နှစ်အရွယ် Elle က ကယ်လီဖိုးနီးယားက သူဌေးရပ်ကွက်မှာ လိုလေသေးမရှိ ကြီးပြင်းလာတဲ့ ကောင်မလေးပေါ့။ သူငယ်ချင်းတွေဝိုင်းဝိုင်းလည်၊ အချစ်ရေးကလည်း အဆင်ပြေ၊ ပန်းရောင်လေးတွေဝတ်ပြီး ဘဝကြီးက သာယာနေတာပါ။ ဒါပေမဲ့ သူ့အဖေ ပလတ်စတစ်ဆာဂျရီဆရာဝန်က နာမည်ကြီးတစ်ယောက်ရဲ့ နှာခေါင်းကို ခွဲစိတ်ရင်း အလွဲကြီးလွဲသွားလို့ ပြဿနာတက်ပါလေရော။ အဲဒီတော့ ပြဿနာတွေကို ရှောင်ဖို့ မိသားစုလိုက် မိုးတအားရွာပြီး မှိုင်းညို့နေတဲ့ ဆီယက်တဲလ် (Seattle) မြို့ကို ပြောင်းပြေးရပါတယ်။ နေရောင်ခြည်နဲ့ ပန်းရောင်ကို ရူးသွပ်တဲ့ ကယ်လီဖိုးနီးယားသူလေးတစ်ယောက် ဆီယက်တဲလ်က အနက်ရောင်တွေ၊ အညိုရောင်တွေချည်း ဝတ်တဲ့ ဂရန်ဂျ် (Grunge) ယဉ်ကျေးမှုကြားထဲ ရောက်သွားတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာက စိတ်ဝင်စားစရာပါ။ အထက်တန်းကျောင်းမှာ အသစ်ရောက်လာတဲ့သူမို့ အနိုင်ကျင့်တဲ့သူတွေ၊ အချစ်ရေး အရှုပ်အထွေးတွေနဲ့ မထင်မှတ်ထားတဲ့ သူငယ်ချင်းအသစ်တွေ စသဖြင့် မြီးကောင်ပေါက်အရွယ် ပြဿနာပေါင်းစုံကို ရင်ဆိုင်ရတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်ရမှာပါ။ သရုပ်ဆောင်ပိုင်း မူလမင်းသမီး Reese Witherspoon ရဲ့ နေရာမှာ မျက်နှာသစ်မင်းသမီးလေး Lexi Minetree က အစားထိုး သရုပ်ဆောင်ထားပါတယ်။ Reese ရဲ့ ငယ်ဘဝနဲ့ တော်တော်လေး ဆင်သလို၊ အသံထွက်နဲ့ ဟန်ပန်တွေကအစ အပီအပြင် လုပ်နိုင်တယ်လို့ ချီးကျူးခံနေရတယ်။ သူ့အဖေနဲ့ အမေနေရာမှာ သရုပ်ဆောင်တဲ့ Tom Everett Scott နဲ့ June Diane Raphael တို့ကလည်း ဟာသလေးတွေနှောပြီး တော်တော်လေး သဘာဝကျပါတယ်။ ပြီးတော့ Elle ရဲ့ အချစ်တော် ခွေးလေး Bruiser ငယ်ငယ်တုန်းက ပုံစံလေးကိုပါ မြင်ရဦးမှာပါ။ ၉၀ ခုနှစ်တွေက Vibe ကို သဘောကျတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အထက်တန်းကျောင်းသား ဇာတ်လမ်းမျိုး ရှာနေတယ်ဆိုရင်တော့ ဒါလေးက ကွက်တိပဲ။ လူငယ်တွေရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းပုံတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် တည်ဆောက်ပုံတွေကို အပျော်လေးတွေနဲ့ ရောပြီး ရိုက်ပြထားလို့ စိတ်အပန်းပြေဖို့အတွက် တကယ့်ကို အဆင်ပြေတဲ့ စီးရီးလေး ဖြစ်ပါတယ်။ File size… (1 GB) / (500 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Episodes.... 8 Genre…. Comedy, Drama Duration…. 50min Subtitle…. Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း