ဇာတ်ကားများ ရွေးရန်

The Fire

2026ဇာတ်လမ်းတွဲ

ဖိုင် /အချီမာ ဝါထင်ဝါနစ် အဖြစ် Namneung Milin Watinthanakit ကဖောင် အထိတရာအဖြစ် Noey Kanteera Wadcharathadsanakul ဇာတ်လမ်းအကျဉ်း ဖိုင်က ဝါထင်ဝါနစ် မိသားစုရဲ့ ညီအမလေးယောက်ထဲက အငယ်ဆုံး ညီမလေး ဖြစ်ပြီး မိခင်က ငယ်ကတည်းက ဆုံးသွားတဲ့ မိတဆိုးလေး တစ်ယောက်လည်း ဖြစ်ပါတယ် ဖခင်ကလည်း အလုပ်တွေပဲ လုပ်နေခဲ့လို့ ဂရုစိုက်ခံရမှုကို လိုအပ်နေခဲ့ပေမဲ့ ဖခင်ဖြစ်သူက ဆုံးပါးသွားတဲ့ ဝန်ထမ်းဖြစ်သူရဲ့ သမီးဆိုပြီး ကဖောင်ဆိုတဲ့ ကလေးမလေးတစ်ယောက်ကို အိမ်ခေါ်လာခဲ့ပါတယ် ဖခင်ရဲ့မယားငယ်သမီးဖြစ်နိုင်တယ်ဆိုတဲ့ သွေးထိုးမှုတွေကြား ဖိုင်တစ်ယောက် ကဖောင့်ကို မကျေလည်နိုင်ဘဲ ပြဿနာတွေရှာခဲ့ရာက ကဖောင် သေဆုံးလုနီးပါးဖြစ်ခဲ့ရတာမို့ ဖခင်ဖြစ်သူက ကဖောင့်ကို ဖိုင်နဲ့ ခွဲထားလိုက်ရပါတော့တယ် ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက် ဖခင်ဖြစ်သူ သူဌေးကြီး အခါနီက ကလေးမလေးတစ်ယောက်ကို နေစရာပေး ကျောင်းထားပေးတဲ့အထိ စပွန်ဆာပေးနေတဲ့အပြင် မိခင်ဖြစ်သူရဲ့ အိမ်ထိပါ ခေါ်လာတယ်လို့ သတင်းကြားတဲ့အခါ ဖိုင်တစ်ယောက် ဒေါသတကြီး အပြေးပြန်လာခဲ့ပေမဲ့ အဲဒီကလေးမက ငယ်ကတည်းက မတွေ့ရတော့တဲ့ ကဖောင် ဖြစ်နေတဲ့အခါမှာတော့ ငယ်စဉ်က အဖေ့အချစ်ကို လုမှာပဲ ကြောက်ခဲ့ရပေမဲ့ ခုချိန်မှာ ဖခင်ကို အမိဖမ်းပြီး မိထွေးတော်လိုက်ရမှာ ကြောက်တဲ့ ဖိုင်တစ်ယောက် ကဖောင့်ကို ဘေးမှာ ထား စောင့်ကြည့်ဖို့ ကြိုးစားလာပါတော့တယ် ကဖောင် အနေနဲ့လည်း အထင်လွဲမှုတွေကြားမှာ ဖခင်ဖြစ်သူနဲ့ သူ့အပေါ်ထားရှိတဲ့ သူဌေးကြီးရဲ့ ကျေးဇူးတွေကို ပြန်ဆပ်နိုင်ပါ့မလား သူဌေးကြီးအနေနဲ့လည်း အလုပ်သမားဖြစ်သူရဲ့ သမီးကို ဘာအကြောင်းအရာကြောင့် ဒီလောက် ဂရုစိုက်နေရတာလဲ အချစ်ကို မယုံတဲ့အပြင် အနိုင်ကျင့်ဖို့ပဲ တွေးနေတဲ့ ဖိုင်နဲ့ ငယ်တုန်းကလို မခံတော့ဖို့ တွေးထားတဲ့ ကဖောင်တို့ကြားမှာရော ဘုနဲ့ဘောက် ဘာတွေဖြစ်လာမလဲဆိုတာ “ မီးလျှံကြားက အချစ်နှောင်ကြိုး” မှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း