ဇာတ်ကားများ ရွေးရန်

World War II with Tom Hanks

2026ဇာတ်လမ်းတွဲအမှတ် 7.8/10

World War II With Tom Hanks (2026) (Completed) IMDB : 7.8 Totten Tomatoes : 94% Genre : Documentary / History / War ဒုတိယကမ္ဘာစစ်အကြောင်း ရိုက်ထားတဲ့ Documentary တွေ ရုပ်ရှင်တွေ အများကြီးရှိပေမဲ့ ခုတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲကတော့ အားလုံးနဲ့မတူပဲ ကွဲထွက်နေမှာ သေချာပါတယ်။ ဒါဆို ဘာလို့ကွဲထွက်နေတာလဲ။ အဓိကအချက်ကတော့ တခြား Documentary လိုမျိုး သာမန်သမိုင်းအချက်အလက်တွေကို စာဖတ်ပြသလိုမျိုးမဟုတ်ပဲနဲ့ သမိုင်းနဲ့ လူသားဆန်မှုကို တစ်လှည့်စီဖော်ပြပြီး ရိုက်ကူးထားလို့ပါပဲ။ ၁၉၃၉ ခုနှစ် ဂျာမနီက ပိုလန်ကို ကျူးကျော်ဝင်ရောက်ပြီး စစ်မီးစတင်တောက်လောင်ခဲ့ပုံ၊ Blitzkrieg (လျှပ်တပြက်စစ်ဆင်ရေး) ရဲ့ ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်တွေ၊ ကမ္ဘာ့သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ Pearl Harbor တိုက်ခိုက်ခံရမှုတွေ၊ စတာလင်ဂရက် (Stalingrad) တိုက်ပွဲနဲ့ D-Day (Operation Overlord) ရဲ့ ရင်သပ်ရှုမောဖွယ် အလှည့်အပြောင်းတွေကို တကယ့်သမိုင်းအတိုင်း အသေးစိတ် ပုံဖော်ထားပါတယ်။ နောက်တစ်ချက်ကတော့ Hollywood အချစ်တော် အော်စကာ ဆု နှစ်ခုပိုင်ဆိုင်ထားတဲ့ မင်းသားကြီး Tom Hanks ကိုယ်တိုင် နောက်ခံစကားပြောတင်ဆက်ထားတာပါပဲ။ "ဒုတိယကမ္ဘာစစ်ဟာ လူသား သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖြစ်ရပ်ပါ" လို့ စပြောလိုက်ကတည်းကကို စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ ဒီရုပ်သံဇာတ်လမ်းတွဲမှာ ဒုတိယကမ္ဘာစစ်အတွင်း ရိုက်ကူးထားတဲ့ တကယ့် သမိုင်းကြောင်းအစစ်မှန် မှတ်တမ်းတင် ဗီဒီယိုတွေလည်းပါရှိပါတယ်။ အပေါ်ပိုင်းလူတွေရဲ့ အပြောကိုပဲ ထည့်သွင်းထားတာမဟုတ်ပဲ နှင်းတောထဲမှာ တကယ်ရှေ့တန်းကျကျစစ်တိုက်ခဲ့ရတဲ့စစ်သားတွေ၊ စစ်ပွဲကို ခါးဆီးခံခဲ့ရတဲ့ ပြည်သူတွေဘက်ကနေလည်း ချပြထားတာမလို့ အတော်လေးကောင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအကြောင်းလည်း ပါဝင်တာမလို့ ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ သမိုင်းစာအုပ်တစ်ခုကိုဖတ်ရတာထက် ကမ္ဘာစစ်မီးတောက်လောင်ခဲ့ရတဲ့ ဒုတိယကမ္ဘာစစ်ကာလကို ကိုယ်တိုင်ကိုယ်ကျသွားရောက် ခံစားရသလိုမျိုး ဖြစ်သွားစေမယ့် လက်ရာတစ်ခုလို့ပြောရင်လည်းမမှားပါဘူး။ ခံစားကြည့်လိုက်ကြပါ။ ကျန်ရှိနေသော အပိုင်းများကိုလည်း ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။ File size… 1.7 GB / 1 GB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 50m Genre ..... Documentary / History / War Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း