ဇာတ်ကားများ ရွေးရန်

Be My Player Two

2026ဇာတ်လမ်းတွဲ

ကဲ... ထိုင်း BL စီးရီးကောင်းကောင်း၊ အထူးသဖြင့် Gaming နဲ့ Rom-Com Vibe လေးတွေကို ကြိုက်တဲ့ ပရိသတ်ကြီးအတွက် အသစ်စက်စက် ထွက်ရှိလာတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒီစီးရီးလေးကတော့ ပရိသတ်တွေ အသည်းစွဲခဲ့တဲ့ "A Boss and a Babe" နဲ့ Shared Universe ဖြစ်တဲ့အတွက် ထိုင်း BL ဖန်တွေအဖို့ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ Hidden Gem လေးပါပဲ။ ရှေ့ကား "A Boss and a Babe" တုန်းက ဆရာ-တပည့် ရုံးတွင်းအချစ်ရေး အလွဲလေးတွေနဲ့ ရင်ခုန်စေခဲ့သလို၊ ဒီကားမှာတော့ E-sports ဂိမ်းလောကရဲ့ Player နှစ်ယောက်ကြားက အသည်းယားစရာ ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းအစမှာတော့ Streamer လောကမှာ ဘုရင်တစ်ပါးလို ထင်ပေါ်နေပြီး အရည်အချင်းရော စကားပြောတဲ့နေရာမှာပါ ထိပ်တန်းဖြစ်နေတဲ့ Streamer ကြီး သရီ တစ်ယောက်... သူတစ်ခါမှ မရှုံးဖူးတဲ့ ဂိမ်းမှာဘယ်သူမှန်းမသိတဲ့ Rookie ပလေယာလေးတစ်ယောက်ရဲ့ လက်ချက်နဲ့ အလဲထိုးခံလိုက်ရရာကနေ စပါတယ်။ ကိုယ့်ကို လာချိုးသွားတဲ့ကောင် ဘယ်သူလဲဆိုတာ စုံစမ်းရင်း... အဲဒီ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ ဂိမ်မာလေး ဆို ကို လိုက်လံရှာဖွေပါတော့တယ်။ ရန်သူတော်ကြီးကို အမဲလိုက်မယ်ဆိုပြီး လိုက်ရှာရာကနေ မထင်မှတ်ဘဲ အမုန်းတွေကနေ အချစ်အဖြစ် ဘယ်လိုတွေ တလွဲတချော် ပြောင်းလဲသွားမလဲဆိုတာကတော့… ရန်သူကနေ ချစ်သူဖြစ်သွားတဲ့ Enemies to Lovers Concept ကို ဂိမ်းလောက နောက်ခံနဲ့ ရိုက်ပြထားတာဆိုတော့ နှစ်ယောက်သားရဲ့ အပေးအယူ အကွက်တွေ၊ မတည့်အတူနေ အကွဲအလွဲလေးတွေက ကြည့်နေတဲ့ သူတွေကိုပါ ပါးစပ်အဟောင်းသားနဲ့ ကြိတ်ပြုံးစေမှာ အသေအချာပါပဲ။ အထူးသဖြင့် Streamer ကြီး သရီရဲ့ အထာကျကျ ညီလေးကို အိတ်ထဲထည့်မဲ့အကွက်တွေနဲ့ ဆိုလေးရဲ့ ဉာဏ်များပြီး ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ၊ နှစ်ယောက်သားရဲ့ Chemistry ကတော့ အထူးတလည်ပြောဖို့မလိုပါဘူး ပေါ့ပေါ့ပါးပါးနဲ့ အသည်းယားစရာ Rom-Com Vibe လေး ခံစားချင်ရင်တော့ အခုပဲ ဇာတ်ကားလေးကို ရှုစားလိုက်ကြပါဦး။

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း