ဇာတ်ကားများ ရွေးရန်

Stuart Fails to Save the Universe

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

Season (1) Complete "The Big Bang Theory" ပရိသတ်တွေအတွက်တော့ သတင်းကောင်းပဲနော်။ အခု HBO Max ကနေ "Stuart Fails to Save the Universe" ဆိုပြီး ခွဲထွက်ဇာတ်လမ်းတွဲ (Spin-off) အသစ်တစ်ခု ထွက်လာပြီ။ ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၂၄ မှာ အပိုင်း ၁ ကို စပြခဲ့ပြီး အပတ်စဉ် တင်ဆက်သွားမှာပါ။ 10 ပိုင်း ပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းက ဘယ်လိုလဲဆိုတော့ ကာတွန်းစာအုပ်ဆိုင်ပိုင်ရှင် စတူးဝပ် (Stuart) ကဟာ ကမ္ဘာပျက်ကိန်းအပြီး ပျက်စီးနေတဲ့ကမ္ဘာကြီးမှာ ကာတွန်းစာအုပ်ဆိုင် ဆက်ဖွင့်ပြီး စားစရာတွေနဲ့လဲစားရင်း အသက်ဆက်နေတာပါ။ ဒီအချိန်မှာပဲ တခြားစကြဝဠာတစ်ခုက စတူးဝပ် ရောက်လာပြီး "စကြဝဠာကြီး မပျက်စီးအောင် မင်းကယ်နိုင်ခဲ့တယ်" လို့ လာပြောပါတယ်။ ပြီးတော့ ကမ္ဘာကြီးပျက်စီးရတဲ့အကြောင်းရင်းက ရှယ်လ်ဒန် (Sheldon) နဲ့ လီရိုနတ် (Leonard) နဲ့ ဟောင်းဝဒ် တို့ တီထွင်ခဲ့တဲ့ ကွမ်တမ်စက်ကြီး ချို့ယွင်းသွားလို့ ဖြစ်ပြီး အဲဒီစက်ကို ပြင်ရမယ်လို့ ရှင်းပြသွားပါတယ်။ ဒါနဲ့ပဲ စတူးဝပ်ရယ်၊ သူ့ကောင်မလေး ဒနိစ် (Denise) ရယ်၊ ဘူမိဗေဒပညာရှင် ဘတ် (Bert) ရယ်၊ အမြဲတမ်း ပြဿနာရှာတတ်တဲ့ ဘယ်ရီ (Barry Kripke) ရယ် လေးယောက်ပေါင်းပြီး အပြိုင်စကြဝဠာတွေထဲ ဖြတ်သန်းရင်း စကြဝဠာကြီးကို ကယ်တင်ဖို့ ကြိုးစားကြတဲ့ Sci-Fi ဟာသ ဇာတ်လမ်းလေးပါပဲ။ ကမ္ဘာကြီးကို ကယ်တင်မယ်ဆိုပေမယ့် သူတို့လေးယောက်ရဲ့ တလွဲတွေ၊ ဟာသလေးတွေက အဓိကပါပဲ။ ပြီးတော့ အရင် Big Bang Theory ထဲက ဇာတ်ကောင်တချို့လည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်လာပါတယ်။ The Big Bang Theory ရဲ့ ဟာသအငွေ့အသက်တွေကို လွမ်းနေတဲ့သူတွေ၊ အချိန်ဖြုန်းရင်း ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမယ့်ကားလေး ရှာနေတဲ့သူတွေအတွက် သဘောကျစေမယ့် ကားလေးတစ်ကား ဖြစ်မှာပါ။ File size…(300 MB)/(600 MB) Quality….WEB DL 1080p / 720p Format…mp4/ mkv Genre.... Sitcom, Comedy, Sci-fi, Fantasy Subtitle….Myanmar Subtitle (Hardsub)

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း