ဇာတ်ကားများ ရွေးရန်

Pompeii: Out of Time with Tom Hiddleston

2026ဇာတ်လမ်းတွဲအမှတ် 6.8/10

Loki Season 1 ထဲမှာ TVA ကိုပြဖို့အတွက် Loki က Pompeii ကမီးတောင်ပေါက်တဲ့အချိန်ကို အချိန်ခရီးသွားပြီးတော့ သက်သေပြတာကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲ့အခန်းပဲရိုက်လို့လားမသိဘူး Loki မင်းသား Tom Hiddleston ကို ဒီ Series ကိုရိုက်ခိုင်းထားပါတယ်။ Pompeii မြို့ မီးတောင်ပေါက်ကွဲမှုမှာ ပျက်စီးရတဲ့အကြောင်းကို သမိုင်းအထောက်အထားတွေနဲ့ ရင်တမမနဲ့ ကြည့်ရမယ့် Historical Disaste ပုံစံ Mini Series လေးပါ။ Tom Hiddleston ကိုယ်တိုင် ရှေးဟောင်းသုတေသန ပညာရှင်တွေနဲ့အတူ ပွန်ပေမြို့ဟောင်းရဲ့ အကြွင်းအကျန်တွေဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး လေ့လာစူးစမ်းပြမှာ ဖြစ်ပါတယ်။ အဲဒီခေတ်က လူတွေရဲ့ နေ့စဉ်နေထိုင်မှုဘဝတွေ၊ ယဉ်ကျေးမှုတွေနဲ့ မီးတောင်စတင်ပေါက်ကွဲချိန်မှာ သူတို့ ကြုံတွေ့ခဲ့ရမယ့် ကြောက်မက်ဖွယ်ရာ အခိုက်အတန့်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ အသက်ဝင်ဆုံး ပြန်လည်ပြောပြပေးသွားမယ့် မှတ်တမ်းရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီ Documentary ရဲ့ အသက်ကတော့ တင်ဆက်သူ Tom ပါပဲ။ သူ့ရဲ့ ရှင်းလင်းပြတ်သားပြီး ခံစားချက်အပြည့်ပါတဲ့ အသံနဲ့ ဇာတ်ကြောင်းပြောပြမှု (Narration) တွေက ကြည့်ရှုသူကို လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီက အချိန်ကာလတစ်ခုဆီကို အလိုလို ရောက်သွားသလို ခံစားရစေမှာပါ။ ရိုးရိုး ရှင်းပြနေတာမျိုးတင် မဟုတ်ဘဲ၊ နောက်ဆုံးပေါ် 3D နည်းပညာတွေ၊ CGI အထူးပြုလုပ်ချက်တွေ သုံးပြီး ပွန်ပေမြို့ကြီး မပျက်စီးခင်က အလှတရားတွေနဲ့ မီးတောင်ပေါက်ကွဲတဲ့ အချိန်က မြင်ကွင်းတွေကို မျက်မြင်ကိုယ်တွေ့ ကြုံနေရသလိုမျိုး အသက်သွင်း ဖန်တီးပြထားပါတယ်။ "Pompeii: Out of Time" ဟာ ပညာဗဟုသုတလည်းရ၊ ရုပ်ထွက်အရည်အသွေး လည်း အရမ်းမိုက်သလို Tom Hiddleston ရဲ့ အသံနဲ့မို့လို့ ကြည့်ရတာ လုံးဝ အီမသွားမယ့် Documentary ကောင်းတစ်ခုပါ။ အပန်းလည်းဖြေရင်း ဗဟုသုတလည်း ရချင်တယ်ဆိုရင်တော့ ဒီကားလေးကို သေချာပေါက် ကြည့်ဖြစ်အောင် ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်။ File size… 600MB(Appx;)@Episode Quality… WEB DL 1080p Format… mp4 Duration…. 45m@Episode Genre ..... Documentary , History , Drama Subtitle…. Myanmar Subtitle (Hard Sub)

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း