ဇာတ်ကားများ ရွေးရန်

Evasive Inquiry Agency

2007ဇာတ်လမ်းတွဲအမှတ် 6.0/10

Evasive Inquiry Agency (2007) အပိုင်း 1 မှ 16 စ/ဆုံး ဒီဇာတ်လမ်းလေးကတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး နာမည်ကျော် ဇာတ်ညွှန်းဆရာမ Park Yun Sun ရေးသားထားတဲ့ KBS2 ရဲ့ ဟာသ စုံထောက် လျှို့ဝှက်ဆန်းကြယ် Drama အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူပို လူရှုပ် တိုက်ကွမ်ဒိုနည်းပြ Park Moo Yul နဲ့ မန်ဟွာ (Manhwa) ကာတွန်းဆိုင်ပိုင်ရှင် Kim Yong Soo တို့ နှစ်ဦးဟာ "စုံထောက်အေဂျင်စီ" လို့ အထင်ခံမိရာကနေ ပျောက်ဆုံးသွားတဲ့ "Honey" ဆိုတဲ့ ရာဇဝင်တွင် မာနကြီးကြောင်မလေးကို လိုက်ရှာပေးဖို့ ဖြစ်လာပြီး ဉာဏ်နီဉာဏ်နက် ရောဂါထကြွကာ ပိုက်ဆံရရင်ပြီးရော စုံထောက်အတု လုပ်ကြပါတော့တယ်။ ဒါပေမဲ့ အဆောက်အအုံဆီက ထွက်ပေါ်နေတဲ့ ထိတ်လန့်ဖွယ် သရဲသံကို အိမ်နီးနားချင်း ဗေဒင်ဆရာမ Jung Hee Kyung ရဲ့ အကူအညီတောင်းမှုနဲ့အတူ သွားရောက်စုံစမ်းချိန်မှာတော့… နံရံကြားထဲမှာ ပုန်းအောင်းနေတဲ့ ကြောင်မလေး Honey နဲ့ သူမရဲ့ သားပေါက်လေးတွေကို တွေ့ရှိခဲ့ရုံတင်မကဘဲ စစ်မှန်တဲ့ ရွှေထည်ပစ္စည်း ၃ ခု နဲ့ ခြောက်ကပ်နေတဲ့ လက်ချောင်းတစ်ချောင်းကိုပါ အံ့ဩဖွယ် တွေ့ရှိလိုက်ရတဲ့အခါ.... ဒီဆန်းကြယ်တဲ့ သဲလွန်စတွေကို ရဲစခန်းဆီ အကြောင်းကြားအပြီးမှာတော့ Eun Jae ဆိုတဲ့ လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးငယ်လေးတစ်ယောက် ရောက်ရှိလာပြီး ထိုလက်ချောင်းရဲ့ အမှန်တရားကို စုံစမ်းဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်၊ မထင်မှတ်ထားတဲ့ အလွဲတွေကြားက စုံထောက်စွန့်စားခန်းတွေနဲ့အတူ ဒီအဆောက်အအုံအောက်မှာ ဘာတွေပုန်းကွယ်နေလဲဆိုတာရယ်...ရွှေထည်တွေနဲ့ ခြောက်ကပ်နေတဲ့ လက်ချောင်းရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကရော ဘာတွေဖြစ်မလဲဆိုတာကို လိုက်လံဖော်ထုတ်သွားမယ့် Evasive Inquiry Agency ဇာတ်လမ်းတွဲကောင်းလေးကို လက်မလွှတ်တမ်း ကြည့်ရှုလိုက်ကြပါဦးနော်။ Episodes: 16 Aired: Oct 8, 2007 - Nov 27, 2007 Aired On: Monday, Tuesday Original Network: KBS2 Duration: 1h 10m Genres: Mystery, Comedy, Romance Subtitle: Myanmar Subtitle (HardSub)

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း