Unlucky Bae
"ချစ်ရောင်လွှမ်းတဲ့ ကျိန်စာ" (၂၀၂၆) လင်း ဟာ မျိုးရိုးစဉ်ဆက် မန္တန်ပညာကို အသုံးပြုနိုင်တဲ့ မိသားစုက ဆင်းသက်လာသူဖြစ်ပြီး အနုပညာဌာနက ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘဝက အမြဲကံကောင်းနေခဲ့ပေမယ့် တစ်နေ့မှာတော့ ရည်းစားဟောင်းရဲ့ သစ္စာဖောက်မှုကိုခံရပြီး နာကျင်ခံစားခဲ့ရပါတယ်။ ဒေါသထွက်နေတဲ့ လင်း က ရည်းစားဟောင်းကို ကျိန်စာတိုက်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် မန္တန်က မှားယွင်းပြီး စီးပွားရေးဌာနက တတိယနှစ်ကျောင်းသား ခေါ့ဖာဆိုတဲ့တစ်ယောက်ကို ထိသွားပါတယ်။ အဲဒီနေ့ကစပြီး ခေါ့ဖာ ရဲ့ဘဝဟာ မတော်တဆမှုတွေ၊ ကံဆိုးမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အချိန် လင်း က ကိုယ်လုပ်ခဲ့တဲ့အမှားကို ပြန်ပြင်ချင်ပေမယ့် ကျိန်စာကို ချက်ချင်း မဖျက်နိုင်တာကြောင့် ခေါ့ဖာ အနားမှာ နေပြီး ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစပိုင်းမှာ ခေါ့ဖာ က လင်း ကို သဘောမကျဘဲ အမြဲရန်ဖြစ်နေကြပေမယ့် အချိန်အတူတူကုန်ဆုံးဖြတ်သန်းရင်း လင်း ရဲ့ စေတနာနဲ့ ဂရုစိုက်မှုကို မြင်လာပါတယ်။ လင်း ကလည်းခေါ့ဖာ ရဲ့ နွေးထွေးတဲ့စိတ်ထားကို သဘောကျလာပြီး သူ့ရဲ့အပြစ်ကို အချစ်နဲ့ ပြန်လည်ဖြေရှင်းလိုက်ပါတော့တယ်။ ခေါ့ဖာ က ကျိန်စာရဲ့ အမှန်တရားကို သိသွားတဲ့အချိန်မှာ လင်း ကို ခွင့်လွှတ်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး။
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း