WEIRDO-101
"ဆွဲအားပြင်းတဲ့ အချစ်" (၂၀၂၆) ဒီဇာတ်ကားမှာကတော့ တစ်ယောက်နဲ့တစ်ယောက်အတွေးအခေါ်၊ စိတ်နေစိတ်ထား၊ လူတွေနဲ့ဆက်ဆံပုံချင်း လုံးဝမတူတဲ့လူငယ်နှစ်ယောက်ကြားက မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတဲ့ Romance ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ် ကျောင်းရဲ့ Judo အားကစားသမား " နိရာန် "ကတော့ တစ်နေ့တာကိုပေါ့ပေါ့ပါးပါးနဲ့ဖြတ်သန်းနေတတ်တဲ့သူတစ်ယောက်ပါ တစ်ဖက်မှာတော့ နက္ခတ္တဗေဒအသင်းက ထူးချွန်ထက်မြက်တဲ့ " ချီဝါ "က ကိုယ့်အတွေးနဲ့ကိုယ် ရှင်သန်တတ်ပြီး တခြားသူတွေနဲ့ဆက်သွယ်ပြောဆိုပုံကအစ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ် တစ်နေ့မှာ " ချီဝါ "ဟာ ကျောင်းက အနိုင်ကျင့်တတ်တဲ့ စီနီယာတစ်ယောက်ရဲ့အနိုင်ကျင့်ခြင်းကိုခံရပြီး'' နိရာန် ''က ဝင်ရောက်ကူညီပေးရာကနေ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး စတင်လာပါတော့တယ် " နိရာန် " အတွက်တော့ အဲဒီအဖြစ်အပျက်က ရိုးရိုးသားသားကူညီပေးလိုက်တာ ဖြစ်ပေမဲ့ " ချီဝါ " အတွက်တော့ " နိရာန် " ကို သဘောကျသွားစေတဲ့ အစပျိုးတစ်ခုဖြစ်လာခဲ့ပါတယ် အမြဲတမ်းအေးဆေးနေတတ်တဲ့ "နိရာန်"တစ်ယောက်ဟာ "ချီဝါ"ရဲ့ ထူးဆန်းပြီး တည့်တိုးဆန်လွန်းတဲ့ အချစ်ရေးနည်းလမ်းတွေကြောင့် စိတ်လှုပ်ရှားပြီး သံသယတွေ၊ စိတ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာရတဲ့အခါ... မတူညီတဲ့ဂြိုဟ်နှစ်လုံးလို ကွဲပြားလွန်းတဲ့ သူတို့နှစ်ယောက်ရဲ့ ဆွဲအားက ဘယ်လိုပုံစံနဲ့ နီးကပ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း