ဇာတ်ကားများ ရွေးရန်

Chainsmoker Cat

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

ပထမဦးစွာ စပြောချင်တာကတော့ ဒါ ခင်ဗျားတို့ ပုံမှန်ကြည့်နေကြ မြင်နေကြ Anime စီးရီး မဟုတ်ဘူးဆိုတာပါပဲ (လိင်ပိုင်းဆိုင်ရာ ဟာသပြက်လုံးများလည်း ပါဝင်ခြင်းကြောင့် ၁၈ နှစ်အောက်များ မကြည့်သင့်ပါရန်နဲ့ မိသားစုနဲ့လည်း အတူမကြည့်သင့်ပါကြောင်း)။ Chainsmoker Cat ဆိုတဲ့အတိုင်း ဆေးလိပ်ဂျိုး ကြောင်မတစ်ယောက် ဆေးလိပ်စွဲပြီး ပရမ်းပတာတွေ ဖြစ်ချင်တိုင်းဖြစ်နေတာကို အောဂလီဆန်စွာနဲ့ ကြည့်ရှုခံစားရမယ့် Black Comedy စီးရီးတစ်ခုပါ။ နောက်ပြီးတော့ Opening လေးကိုလည်း မကျော်ပဲ သေချာကြည့်ဖြစ်အောင်ကြည့်ကြပါလို့။ သူက Chainsawman OP လိုပဲ နိုင်ငံခြားနာမည်ကြီး ရုပ်ရှင်တွေရဲ့ဇာတ်ဝင်ခန်းတွေကို Reference ယူပြီး ထည့်ဖန်တီးထားတာမို့ ကြည့်ပြီးရင်လည်း ကိုယ်သိတဲ့ ဘယ်ရုပ်ရှင်တွေကို Reference ယူထားလဲဆိုတာ စဉ်းစားကြည့်လိုက်ကြပါဦး။ ကဲ ဒီတော့ ဇာတ်လမ်းက Black Comedy ဆိုတော့ တကယ်တမ်း ဘာမှဇာတ်အိမ်ဆိုပြီး မရှိနေဘူးရယ်။ Yaniko ဆိုတဲ့ ကြောင်တစ်ပိုင်းလူတစ်ပိုင်းလေးက တစ်ယောက်တည်းနေတယ်။ အလုပ်ကြုံရာလုပ်တယ်၊ ရတဲ့ပိုက်ဆံ ဆေးလိပ်သောက်တယ်၊ ငွေကုန်ရင်လည်း အိမ်ကြိုအိမ်ကြား ဆေးလိပ်ဖင်စီခံတိုလေးလိုက်ရှာ လိုက်ကောက် လိုက်သောက်ပြီး နေတာထိုင်တာ ပက်စက်စုတ်ပြတ် ညစ်ပတ်ပေတူးလန်လို့ပေါ့။ အဆုံးစွန်တဲ့ လူနေမှုဘဝနဲ့ ဖြတ်သန်းပြီး အိမ်လခလည်း အနိုင်နိုင်ပေးနေရတဲ့သူ။ ညီမဖြစ်သူ Imoko ကတော့ ချစ်လို့ စေတနာနဲ့ ဆေးလိပ်ဖြတ်ခိုင်းပေမဲ့ ကြိုးစားဖြတ်သော်ငြားလည်း ခွေးမြီးကောက် ကျည်တောက်စွပ်ဆိုသလိုပဲ သံသရာလည်လည်နေတဲ့ ဆေးလိပ်ဂျိုး ကြောင်မကို မြင်ရမှာပါ...။ အဲဒါကို သူ့အပြင် အိမ်နီးချင်းအခန်းဖော်တွေဖြစ်တဲ့ အရက်သမား၊ ဆေးသမား၊ ဟာသပြက်လုံးသမား၊ Streamer သမားနဲ့ Hentai မန်ဂါဆရာမ စသဖြင့် ဒီလူတွေ ပေါက်ကရမျိုးစုံ ကြိုးခုန်တာကိုလည်း မြင်ရမယ့်အပြင် သူ့ရဲ့ အလွဲလွဲအချော်ချော် တစ်နေ့တာ ဖြတ်သန်းသမျှလေးတွေကို ဟင်ခနဲ ဟာခနဲ ခွီလိုက် ရွံလိုက် လေလိုက်နဲ့ ကြည့်ရှုသွားရမှာပဲ ဖြစ်ပါတယ်။ ကြောင်မလေးဆိုပြီး သာမန် Anime Catgirl လေးတော့ မထင်လိုက်လေနဲ့ ခွေးချီးပုံထဲက ဆေးလိပ်တောင် ပြန်ယူသောက်တဲ့ဟာမရယ်။ အဲဒါမို့ ဒီကောင်က လောကရဲ့ အမှောင်ခြမ်းနဲ့ လူ့စရိုက် အဆိုးဆုံးအခြမ်းတွေကို ဆေးလိပ်ငွေ့တွေကြားကနေ လှောင်ပြောင်ရယ်မောချင်တဲ့ Seinen Comedy ကြိုက်သူတွေအတွက်တော့ ထူးထူးခြားခြား ကြည့်ရှုသင့်တဲ့ စီးရီးတစ်ခုပဲ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ...။

အပိုင်းများ

12 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း