Over the Garden Wall
Over the Garden Wall (2014) (Only On Bioscope) IMDB : 8.7 Rotten Tomatoes : 98% Genre : Adventure / Fantasy Over the Garden Wall ဆိုတာ Cartoon Network ကနေ ထုတ်လွှင့်ပြီး လူကြိုက်များတဲ့ Dark Fantasy အမျိုးအစား Miniseries တစ်ခုဖြစ်ပါတယ်။ CN က ထုတ်လွှင့်တာဆိုတော့ အထူးသဖြင့် ကလေးတွေအကြိုက်ဖြစ်ခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကလေးတွေက Review မပေးတတ်ပါဘူး။ လူပေါင်း ၉ သောင်းကျော် Review နဲ့ IMDB 8.7 ထိရထားပြီး ကလေးတွေတင်သာမကပဲ လူကြီးတွေထိပါ ပရိသတ်တောင့်ခဲ့တဲ့ နာမည်ကြီး ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ရင်ထဲမှာ တစ်ခုခုကိုလွမ်းဆွတ်သွားသလိုဖြစ်သွားစေမယ့် အတော်လေးကြည့်လို့ကောာင်းတဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။ ဒါတင်မကသေးပဲ Emmy ၂ ဆုတောင်ရထားပြီး Outstanding Animated Program လည်းပါတာမလို့ Animation အနေနဲ့ကလည်း ပြောစရာကိုမလိုပါဘူး။ ဇာတ်ညွှန်း ဆောင်းဦးရာသီရဲ့ ခြောက်သွေ့အေးစိမ့်နေတဲ့ ညတစ်ည မြူတွေဆိုင်းနေတဲ့ တောထဲက လမ်းမထက်မှာ ခေါင်းစွပ်စွယ်တာနဲ့ခေါင်းငိုက်စိုက်ပြီး လျှောက်နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။ သူကတော့ ကဗျာစပ်ရတာဝါသနာပါသလို စိတ်လည်းပူတတ်တဲ့ ဝပ်…. သူ့ရဲ့ဘေးနားမှာတော့ ကျောက်တုံးတစ်တုံးကိုပိုက်၊ ဖားတစ်ကောင်ကို နာမည်ပေးရင်း ကမြင်းကြောထပြီးလိုက်နေတာက သူ့ရဲ့ညီဖြစ်သူ ဂရက်ဂ်… သူတို့ဘယ်လိုလုပ်ပြီး ဒီလိုမျိုး တောနက်ထဲရောက်လာလည်းဆိုတာ သူတို့ကိုယ်တိုင်မသိတော့ဘူး။ တိတ်ဆိတ်လွန်းတဲ့ ပတ်ဝန်းကျင်မှာ သူတို့ခြေသံကိုတောင် သူတို့ပြန်ကြားရမလိုဖြစ်နေပါပြီ။ အရိပ်မည်းတွေကလည်း သူတို့ကို ဝိုင်းကြည့်နေသယောင်ယောင်… “ကောင်လေးတွေ၊ မင်းတို့တောနက်ထဲကိုလျှောက်မသွားနဲ့၊ တောထဲမှာ သားရဲကြီးရှိတယ်” ဆိုပြီး သူတို့ကို လူတစ်ယောက်က လှမ်းသတိပေးလိုက်တယ်။ အဲဒီလူရဲ့ လက်ထဲမှာလည်း ပုစိန်တစ်လက်ကိုကိုင်ထားတယ်။ သူကတော့ တောထဲမှာ ဝပ်တို့ပထမဦးဆုံးကြုံရမယ့် ထူးဆန်းမှုတွေထဲက ပထမဦးဆုံးဖြစ်တဲ့ သစ်ခုတ်သမားပါ။ အဲဒီနောက်မှာ ဝပ်တို့ဟာအိမ်ပြန်ဖို့ကြိုးစားရင်း စကားပြောတတ်တဲ့ ဘီထရစ်ဆိုတဲ့ ငှက်ပြာလေးနဲ့ လမ်းမှာကြုံခဲ့ရပါတယ်။ ဘီထရစ်က သူလမ်းသိတယ်ဆိုပြီး ဝပ်တို့ကိုဦးဆောင်ခေါ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဝပ်တို့ညီအစ်ကိုနှစ်ယောက် တောထဲကနေ အိမ်ပြန်လမ်းရှာပုံကို လွမ်းမောဖွယ်ရာကြည့်ရှုရမှာဖြစ်ပါတယ်။ ခံစားကြည့်လိုက်ကြပါ။ File size… 150 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 11m Genre ..... Adventure / Fantasy Subtitle…. Myanmar Subtitle (Hard Sub)
အပိုင်းများ
10 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း