Blossom Through the Cloud
ဒီတစ်ခေါက်တော့ အချစ်ကားလေးယူလာပါတယ် သာ့ကျားတို့ရေ။ အချစ်ကားကိုမှ Male Lead က CEO type ဆိုတော့ စောင်ကိုက်ပြီးသာကြည့်ရမဲ့ကိန်းပါပဲနော်။ အဓိကသရုပ်ဆောင်တွေကလည်း ခပ်ချောချောလေးတွေချည်းပဲ။ CEO အဖြစ် Wei Zheming က သရုပ်ဆောင်ထားပြီး မမလှလှလေး Liu Xie Ning ကတော့ လေယာဉ်မှူးအလန်းလေးအဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း >>> ရွမ်စစ်ရှန်းဟာ ဟိန်ရှီးလေကြောင်းလိုင်းရဲ့ လေယာဉ်ဧည့်လမ်းညွှန်မလေးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီရဲ့အတွင်းပိုင်းရာထူးတိုးမြှင့်မှုကနေတစ်ဆင့် လေယာဉ်မှူးတစ်ယောက်ဖြစ်လာဖို့ မျှော်လင့်ချက်အပြည့်နဲ့ ကြိုးစားနေသူပါ။ ဒါပေမဲ့ မထင်မှတ်ဘဲ ကုမ္ပဏီရဲ့ပြုပြင်ပြောင်းလဲမှုစနစ်ကြောင့် အဲဒီအခွင့်အရေးကို ဆုံးရှုံးသွားခဲ့ရပါတယ်။ ဒါကို လုံးဝလက်မခံနိုင်တဲ့ ရွမ်စစ်ရှန်းဟာ ကုမ္ပဏီရဲ့ CEO ဖူမင်ယွီနဲ့ သွားတွေ့ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့နှစ်ဦးကြားထဲမှာ မလိုလားအပ်တဲ့နားလည်မှုလွဲမှားမှုကြီး ဖြစ်ပေါ်သွားခဲ့ပါတယ်။ ဖူမင်ယွီအပေါ် အသပြာမက်ချစ်ကြိုက်နေသူအဖြစ် ထိပါးစွပ်စွဲခံလိုက်ရတာကြောင့် ရွမ်စစ်ရှန်းရဲ့သိက္ခာနဲ့မာနဟာ အပြင်းအထန်ထိခိုက်သွားခဲ့ပြီး အလုပ်ကနေ စိတ်လိုက်မာန်ပါနှုတ်ထွက်ခဲ့ပါတော့တယ်။ ကံကြမ္မာရဲ့တိုက်ဆိုင်မှုကြောင့် ရွမ်စစ်ရှန်းဟာ လေကြောင်းသင်တန်းကျောင်းတစ်ကျောင်းသို့ ဝင်ရောက်ခွင့်ထပ်ရခဲ့ပြီး ခက်ခဲကြမ်းတမ်းလှတဲ့လေ့ကျင့်မှုတွေကို ကြံ့ကြံ့ခံကျော်ဖြတ်ခဲ့ပါတယ်။ သုံးနှစ်အကြာမှာတော့ သူဟာ အတော်ဆုံးလေယာဉ်မှူးအဖြစ် အထက်တန်းကျစွာနဲ့ ဟိန်ရှီးလေကြောင်းလိုင်းဆီ ဂုဏ်သိက္ခာရှိစွာပြန်လည်ရောက်ရှိလာပြန်ပါတယ်။ ကောင်းကင်ပြင်ကြီးက သူ့အိပ်မက်ဖြစ်ခဲ့ပြီး ကပ္ပတိန်တစ်ယောက်ဖြစ်လာခြင်းဟာလည်း အကြီးမားဆုံးတာဝန်ယူမှုကို ကိုယ်စားပြုထားတာပါ။ ဒါပေမဲ့ ရွမ်စစ်ရှန်း မသိခဲ့တာတစ်ခုကတော့ ဒီလိုခမ်းနားဆန်းကြယ်တဲ့ ရည်မှန်းချက်လမ်းကြောင်းပေါ်မှာ ဘေးနားကနေ စောင့်ရှောက်လမ်းပြပေးမယ့်အလင်းတန်းလေးတစ်ခု အမြဲတမ်းရှိနေခဲ့တယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းလေးမှာ ကိုကို CEO ရဲ့မထင်ရင်မထင်သလိုဂရုစိုက်မှုတွေပါတာမို့ ကြည့်ရှုသူအပေါင်းလည်း အချိုတွေကြောင့် ချောင်းဆိုးရင်ကျပ်နိုင်လို့ ချောင်းဆိုးပျောက်ဆေးလေးပါ ကြိုဆောင်ထားဖို့ စေတနာရှေ့ထားပြီး အကြံပြုညွှန်းလိုက်ရပါတယ်ဗျို့။ Total Episodes : 24 Quality : WEB-DL 1080p, 720p Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း