ဇာတ်ကားများ ရွေးရန်

Police in Love

2026ဇာတ်လမ်းတွဲ

"နတ်ဖက်တဲ့ ချစ်ဖူးစာ" (၂၀၂၆) ရုပ်​ချောပြီး မျိုးရိုးစဥ်ဆက်အရမ်းချမ်းသာတဲ့ အရာရှိ"သီရာ"ဟာ ကံဆိုးစွာနဲ့​မွေးကတည်းက ကံ​ခေသူဖြစ်ပါတယ်။ သူ့ရဲ့ကံကြမ္မာဂြိုလ်သက်ဟာ အင်္ဂါဂြိုလ်စိုးမိုးတဲ့ကာလဖြစ်လို့ ​ရေ​သောက်​ရေသီး၊ ထမင်းစားထမင်းနင်၊ လမ်းသွားခလုတ်တိုက်၊ ​တောထွက်ဆူးငြိဖြစ်​နေတဲ့ ကံဆိုးမိုး​မှောင်ကျ​နေတဲ့အချိန်​ရောက်လာပါတယ်။ အရာရှိ"သီရာ"တစ်​ယောက် မူးယစ်​ဆေးဂိုဏ်းတစ်ခုကို ဖမ်းဆီးရင်း ​သေနတ်ဒဏ်ရာရာက​နေ အ​မေဖြစ်သူရဲ့စိုးရိမ်ပူပန်မှု​တွေ​ကြောင့် ​မိသားစုရဲ့​ဗေဒင်ဆရာမဆီသွားရပါ​တော့တယ်။ ​ဗေဒင်​အရ "အရာရှိသီရာ"အတွက် ကံဆိုးမှု​တွေကို ​ဖြေ​ဖျောက်နိုင်တဲ့နည်းလမ်းဟာ သတ်မှတ်ထားတဲ့​မွေးရက် ​မွေးလ ​မွေး​နေ့နဲ့ အက္ခရာတူတဲ့သူကိုသာ လက်ထပ်ရမှာဖြစ်ပါ​တယ်။ တိုက်တိုက်ဆိုင်ဆိုင် လက်​ထောက်တပ်ကြပ်ဖြစ်သူ "မွန်းကွန်"ဟာ အရာရှိသီရာရဲ့ ကံ​ခေမှု​တွေကို​ဖြေ​ဖျောက်​ပေးနိုင်မယ့် ​မွေး​နေ့ပိုင်ရှင်ဖြစ်​နေခဲ့ပါတယ်။ လက်​ထောက်"မွန်းကွန်"ဟာ ဆင်းရဲနွမ်းပါးသူဖြစ်ပြီး ​အ​မေ့ကိုကိုယ်ပိုင်အိမ်​လေးနဲ့ သက်​တောင့်သက်သာထားချင်တာ​ကြောင့် အရာရှိ"သီရာ"အတွက် ကံဆိုးမှု​တွေဆီက ကယ်တင်​ဖို့ ၆လတိတိ ဟန်​ဆောင်လက်ထပ်ဖို့သ​ဘောတူခဲ့ပါတယ်။ ကံဆိုးမှု​တွေကိုရပ်တန့်နိုင်ဖို့ ဟန်​ဆောင်လက်ထပ်ရမယ့်အပြင် ၆လတိတိအတူ​နေရကြမှာဖြစ်လို့ တစ်​ယောက်ကိုတစ်​ယောက် မရင်းနှီးကြတဲ့သူ​တွေကြား သံ​ယောဇဥ်​တွေက ဘယ်လိုရစ်တွယ်သွားမလဲ၊ အထက်လူကြီးနဲ့လက်​အောက်ငယ်သားဖြစ်တာ​ကြောင့် အလုပ်ခွင်မှာ သူတို့ရဲ့ဆက်ဆံ​ရေးက အဆင်​ပြေပါ့မလား ​၊ ၆လကြာတဲ့​နောက် သူတို့ဟာ တကယ်ပဲ ပြန်ကွာရှင်းကြမလား... ဆက်ဆံ​ရေး​တွေ​က ပြောင်းလဲသွားမလားဆိုတဲ့ YinWar ရဲ့ NewSeriesဖြစ်တဲ့ " Police InLove Series"​လေးကို အပတ်စဥ်စ​နေ​နေ့တိုင်း ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း