ဇာတ်ကားများ ရွေးရန်

The Crow Club

2026ဇာတ်လမ်းတွဲ

"အချစ်မှာ ဟန်ဆောင်တာတွေ မပါသင့်ဘူးဆိုပေမဲ့... တစ်ခါတလေ ငွေကြေးကြောင့်စတဲ့ ဇာတ်လမ်းကနေ အချစ်စစ် ဖြစ်သွားတတ်ပါတယ်..." Thai Series ဖန်တွေ၊ အထူးသဖြင့် ဇာတ်လမ်းခပ်ဆန်းဆန်း၊ ရသပေါင်းစုံကို တစ်ကားတည်းနဲ့ ကြည့်ရှုချင်တဲ့ ဘော်ဒါတွေအတွက် "The Crow Club" ဆိုတဲ့ စီးရီးသစ်ကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းအကျဉ်းလေးကတော့... "The Crow Club" ဆိုတာ လျှို့ဝှက်ဘားလေးတစ်ခုဖြစ်ပြီး အဲဒီမှာ "The Crows" (ကျီးကန်းများ) လို့ တင်စားခေါ်ဝေါ်ကြတဲ့ ထူးခြားဆန်းပြားတဲ့ လူတစ်စု စုဝေးရာ နေရာလေးပါ။ ဘားပိုင်ရှင်ဖြစ်တဲ့ လင်ဒါဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီး သူတို့တွေဟာ ပိုက်ဆံများများပေးနိုင်တဲ့ ဖောက်သည်တွေအတွက် တခြားဘယ်သူမှ မလုပ်ချင်တဲ့၊ အန္တရာယ်များပြီး ထူးဆန်းတဲ့ အလုပ်တွေကို လက်ခံဖြေရှင်းပေးကြတဲ့သူတွေပေါ့။ ဒီစီးရီးရဲ့ အသက်ကတော့ အဓိက ဇာတ်လမ်းသွား (၄) ခုနဲ့ သွားထားတာပါပဲ။ ပထမဆုံးအတွဲအနေနဲ့ သိပ္ပံပညာကိုပဲ အကြွင်းမဲ့ယုံကြည်တဲ့ အင်ဂျင်နီယာလေး ဗန် ဟာ ဗိသုကာပညာရှင် ရက်ခွန် ရဲ့ ငှားရမ်းခြင်းကို ခံလိုက်ရပါတယ်။ မစ်ရှင်ကတော့ ရက်ခွန်ရဲ့ အချစ်ရေးကို နှောင့်ယှက်နေတဲ့ ဘိုးဘွားပိုင် သရဲကြီးကို အာရုံလွှဲဖို့အတွက် ဗန်က ရက်ခွန်ရဲ့ "ဟန်ဆောင်ရည်းစား" အဖြစ် သရုပ်ဆောင်ပေးရမှာပါ။ Horror/Comedy Rom-Com လိုင်းလေးကို သဘောကျရင် ဒီအတွဲက အူတက်အောင် ရယ်ရမှာပါ။ ဒုတိယအတွဲကတော့ လူရှေ့ထွက်ရမှာကြောက်ပြီး ကျောပေးပြီးမှ သီချင်းဆိုတတ်တဲ့ အဆိုတော်လေး ဖာထီ ကို T-Pop လောကထဲဝင်ဖို့ ရန်ဆိုတဲ့ တေးသံသွင်း သင်တန်းသားလေးက ငှားရမ်းတဲ့အခါ... ဖာထီဟာ ရန်တို့အဖွဲ့ ပွဲဦးထွက်နိုင်ဖို့ အဓိကသော့ချက်ဖြစ်လာပါတယ်။ သူတို့နှစ်ယောက်ကြားက ဖုံးကွယ်ထားတဲ့ ခံစားချက်တွေ၊ Idol လောကရဲ့ Shipping အရှုပ်အထွေးတွေနဲ့ ကောလာဟလတွေကြားမှာ ဘယ်လိုရုန်းကန်ရမလဲ ရှုစားရမှာပါ။ ဒါကတော့ Idol Romance Vibe အပြည့်ပဲပေါ့ Action နဲ့ Thriller လိုင်းကြိုက်တဲ့ သူတွေအတွက်ကတော့ ခပ်ကြမ်းကြမ်း ဖိုက်တာ တန်မိုနဲ့ သူ့ရဲ့ ပြဿနာကောင် ရည်းစားဟောင်း ယိုယဲတို့ရဲ့ ဇာတ်လမ်းက အမိုက်စားပါ။ ယိုယဲက တန်မိုကို ဘတ်တစ်သန်းတန် "Werewolf" ဆိုတဲ့ Survival Reality Show မှာ ပါဝင်ဖို့ ငှားရမ်းရာကနေ... သာမန်ဂိမ်းလို့ ထင်ရပေမဲ့ တကယ့်သွေး၊ တကယ့်ကျည်ဆန်တွေနဲ့ အသက်လုရမဲ့ ငရဲခန်း ဂိမ်းကြီးဖြစ်လာတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲပေါ့... ဒါကတော့ လုံးဝ Survival Action အကြမ်းစားပါ နောက်ဆုံးဇာတ်လမ်းလေးကတော့ ကလပ်ရဲ့ မန်နေဂျာလက်ထောက်၊ အချစ်ကို တံခါးပိတ်ထားတဲ့ ပန်းချီဆရာလေး တလေကို တစ်ချိန်က နာမည်ကြီးခဲ့တဲ့ အချစ်ဝတ္ထုရေးဆရာ ဆန်းက ငှားရမ်းတဲ့ ဇာတ်လမ်းပါ။ ဆန်းက သူ့ရဲ့ ကျဆင်းနေတဲ့ နာမည်ကျော်ကြားမှုကို ပြန်ယူဖို့ ဝတ္ထုရေးချင်တာမို့ တလေးကို "ဟန်ဆောင်ယောက်ျား" အဖြစ် ငှားရမ်းပြီး အချစ်ဇာတ်လမ်း ဖန်တီးဖို့ ကြိုးစားကြတာပါ။ တစ်ကားတည်းနဲ့ သရဲ၊ အချစ်၊ Idol လောကနဲ့ Survival Action တွေအကုန်ကြည့်ရမှာဖြစ်သလို၊ ဇာတ်ကောင်တစ်ယောက်ချင်းစီရဲ့ ဆွဲဆောင်မှုတွေနဲ့ ပျင်းချိန်မရဘဲ တောက်လျှောက်ဆွဲခေါ်သွားမယ့် စီးရီးကောင်းလေးမို့ ခုပဲ ရှုစားလိုက်ကြပါဦးစို့။

အပိုင်းများ

7 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း