Merry Berry Love
Merry Berry Love (2026) အပိုင်းသစ် (5) အချစ်ဆိုတာ တစ်ခါတလေ ကိုယ်ရှာနေတဲ့အချိန်မှာ မတွေ့ဘဲ ကိုယ်ထွက်ပြေးနေချိန်မှာ မမျှော်လင့်ဘဲ တွေ့ရှိတတ်ပါတယ်… ဒီနေ့မှာတော့ ရသစုံ ကြမ်းခန်း လွမ်းခန်း ချစ်ခန်းတွေကို ပိုင်နိုင်တဲ့ မင်းသား Ji Chang Wook ရဲ့ဇာတ်ကားသစ်လေးထွက်ရှိလာခဲ့ပါပြီ ပရိသတ်ကြီးတို့ရေ… မင်းသား Ji Chang Wook နဲ့အတူ မင်းသား Nam Yoon Su၊ ဂျပန်မင်းသမီး Imada Mio နဲ့ Kumada Rinka တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့… တောင်ကိုရီးယားမှာ Spatial Designer တစ်ယောက်အဖြစ် အောင်မြင်ဖို့ကြိုးစားခဲ့ပေမဲ့ အလုပ်မှာ အကြီးအကျယ်ကျရှုံးပြီးနောက်မှာ အီယူဘင်းဟာ အရာအားလုံးကို စွန့်လွှတ်ပြီး ဂျပန်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ ကျွန်းငယ်လေး Charo ကျွန်းကို ထွက်ပြေးလာခဲ့ပါတယ်။ ဘဝသစ်ကို ပြန်စဖို့ ကြိုးစားနေတဲ့ ယူဘင်းဟာ အဲဒီကျွန်းမှာပဲ ကာရင်းလို့အမည်ရတဲ့ စတော်ဘယ်ရီခြံလုပ်ကိုင်နေတဲ့ ဂျပန်မိန်းကလေးတစ်ယောက်နဲ့ မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ပါတော့တယ်။ နိုင်ငံမတူ၊ ဘဝပုံစံမတူ၊ အတိတ်တွေမတူတဲ့ သူတို့နှစ်ယောက်ဟာ အစပိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်ဖို့ခက်ခဲခဲ့ပေမဲ့ မထင်မှတ်ဘဲ နီးကပ်လာရင်း တစ်ယောက်ရဲ့ဒဏ်ရာကို တစ်ယောက်က ဖြည်းဖြည်းချင်း ကုစားပေးနိုင်လာကာ အချစ်တစ်ခု ပေါက်ဖွားလာခဲ့ကြပါတော့တယ်… အားလုံးကို ဆုံးရှုံးပြီး အတိတ်ကနေ ထွက်ပြေးလာတဲ့လူတစ်ယောက်နဲ့ အနာဂတ်ကို မရေရာမှုတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့လူတစ်ယောက်… နိုင်ငံမတူ ဘာသာစကားမတူတဲ့ သူတို့နှစ်ယောက်ရဲ့တွေ့ဆုံမှုက အချစ်တစ်ခုထက် ပိုပြီး သူတို့ဘဝတွေကို ပြောင်းလဲပေးနိုင်မလား... ချိုမြိန်မှုတွေကို ခံစားရနိုင်မယ့် အချစ်ဇာတ်ကားလေးတစ်ကားဖြစ်သလို အထူးသဖြင့် ဂျီချန်းဝု ရဲ့ မျက်လုံးနဲ့ သရုပ်ဆောင်ချက်တွေကတော့ ဒီလို healing romance ဇာတ်လမ်းမျိုးနဲ့ တကယ်လိုက်ဖက်လွန်းပြီး အချစ်ခန်းမှာ ချစ်စရာကောင်းသလို၊ လွမ်းခန်းတွေမှာလည်း ပရိသတ်ကိုပါ လိုက်လွမ်းစေမယ့် သရုပ်ဆောင်မှုတွေနဲ့အတူ Merry Berry Love ဆိုတဲ့ဇာတ်လမ်းလေးထဲမှာ အတူစီးမျောလိုက်ရအောင်… Aired: Oct 7, 2026 - ? Aired On: Wednesday Genres: Comedy, Romance, Drama Episodes: 10 Original Network: NTV
အပိုင်းများ
5 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း