ဇာတ်ကားများ ရွေးရန်

Oh! My Guard

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Oh! My Guard (2026) အပိုင်းသစ် (4) CNBLUE အဖွဲ့ဝင် မင်းသား Jung Yong Hwa ရဲ့ ဇာတ်ကားသစ်လေး “Oh My Guard” ထွက်ရှိလာခဲ့ပါပြီ ပရိသတ်တို့ရေ... ဇာတ်လမ်းအကျဉ်းအနေနဲ့ ဇာတ်လမ်းတွဲတွေထဲမှာ ပရိသတ်ကြွေအောင်သရုပ်ဆောင်နိုင်တဲ့ Melodrama မာစတာ မင်းသားတစ်ယောက်နဲ့ သူ့ကို တိတ်တဆိတ် ကာကွယ်ပေးဖို့ တာဝန်ယူထားရတဲ့ လျှို့ဝှက်သက်တော်စောင့် မင်းသမီးတစ်ယောက်တို့ရဲ့ မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဇာတ်ညွှန်းထဲက ဇာတ်ကောင်တိုင်းရဲ့အချစ်ကို ကင်မရာရှေ့မှာတော့ ပိုင်နိုင်အောင် သရုပ်ဆောင်တတ်ပေမယ့် လက်တွေ့ဘဝမှာတော့ ကိုယ်ပိုင်အားနည်းချက်တွေနဲ့ ရုန်းကန်နေရတဲ့ မင်းသားအွမ်ထယ်ဘုံး… တစ်ဖက်မှာတော့ ကိုယ့်ကိုယ်ကို ဇာတ်လမ်းတစ်ပုဒ်ရဲ့ အဓိကဇာတ်ကောင် မင်းသမီးတစ်ယောက်လို့ ယုံကြည်ထားပြီး အများအပေါ် သံသယများတတ်တဲ့ မင်းသမီး ချာဟုန်းဒို… မင်းသမီးရဲ့ လျှို့ဝှက်တာဝန်တစ်ခုက မင်းသားရဲ့အနားမှာ တိတ်တဆိတ်ရင်း အန္တရာယ်တွေကနေ ကာကွယ်ပေးရမယ့် လျှို့ဝှက်သက်တော်စောင့်တစ်ယောက် ဖြစ်နေလာတဲ့အခါ… ဒီလိုနဲ့ မထင်မှတ်ထားတဲ့တွေ့ဆုံမှုတစ်ခုကနေ စတင်လာတဲ့ သူတို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေဟာ ရယ်မောစရာတွေနဲ့ပဲ အဆုံးသတ်သွားမလား၊ ဒါမှမဟုတ် ကြွေကွဲစရာ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာမလားဆိုတာ ရင်ခုန်ကြည်နူးဖွယ်ရာ စောင့်ကြည့်လိုက်ရအောင် ပရိသတ်ကြီးတို့ရေ အွမ်ထယ်ဘုံးအဖြစ် မင်းသား Jung Yong Hwa နဲ့ ချာဟုန်းဒိုအဖြစ် မင်းသမီး Hong Seung Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Episodes: 16 Airs: Oct 24, 2026 - ? Airs On: Saturday, Sunday Original Network: Lifetime Genres: Comedy, Romance Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း