ဇာတ်ကားများ ရွေးရန်

Francesca Next Door

2026ဇာတ်လမ်းတွဲအမှတ် 8.1/10

Francesca Next Door (2026) အပိုင်းသစ် (၁+၂) Vampire မလေးနဲ့ သာမန်လူသားကောင်လေးကြားက အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး ပုံဖော်ထားတဲ့ Teen Romance Fantasy စီးရီးသစ်လေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားထဲမှာတော့ Love Phobia, Cheer Up တို့ထဲက မင်းသား Kim Hyun Jin, မင်းသမီးချော Han Soo A နဲ့ မင်းသား Lee Seung Gyu တို့က အဓိက ပါဝင်ထားပါတယ်။ ရိုမေးနီးယားနိုင်ငံကနေ ကိုရီးယားနိုင်ငံကို ပြောင်းရွှေ့လာတဲ့ Pi Na-young (Han Su-ah) ဟာ လူသားတွေနဲ့အတူ သာမန်ကျောင်းသူတစ်ယောက်လို နေထိုင်ဖို့ ကြိုးစားနေတဲ့ Vampire မလေး တစ်ယောက်ပါ။ ဒါပေမဲ့ လူသားတွေရဲ့ နေထိုင်မှုပုံစံ၊ ကျောင်းစည်းကမ်းတွေနဲ့ ပတ်ဝန်းကျင်အသစ်ကို အသားကျဖို့က သူမအတွက် ထင်ထားသလောက် မလွယ်ကူလှပါဘူး။ ကျောင်းပြောင်းလာတဲ့ ပထမဆုံးနေ့မှာပဲ ကျောင်းသားခေါင်းဆောင် Jang Woo-ju (Kim Hyun-jin) နဲ့ ဆုံတွေ့ခဲ့ပြီး Na-young ရဲ့ Vampire ဖြစ်တည်မှုကို Woo-ju တစ်ယောက် မတော်တဆ သိရှိသွားပြီးတဲ့နောက် သူမရဲ့လျှို့ဝှက်ချက် မပေါ်သွားစေဖို့ လိုက်ကူညီစောင့်ရှောက်ပေးရတဲ့အခြေအနေ ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ Vampire မလေးဟာ လူသားတစ်ယောက်အပေါ် ပထမဆုံးအကြိမ် ရင်ခုန်မိလာခဲ့ပြီး တစ်ဖက်မှာလည်း သူမရဲ့ပင်ကိုယ်ဗီဇဖြစ်တဲ့ သွေးစုပ်လိုစိတ်ကို လှုံ့ဆော်ပေးမယ့် တခြား Vampire တစ်ယောက် ‌ရောက်လာတဲ့အခါမှာတော့ .... Episodes: 04 Aired: Nov 6, 2026 Aired On: Friday Original Network: Wavve, Kocowa Genres: Comedy, Romance, Youth, Fantasy

အပိုင်းများ

2 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း