What a Boss Wants
What a Boss Wants (2026) အပိုင်းသစ် (1) အချစ်ဒရာမာလေးတွေကို မျှော်နေသူတို့အတွက် Perfect Marriage Revenge ထဲမှာ ပါဝင်ခဲ့တဲ့ မင်းသား Sung Hoon နဲ့ The Third Marriage ထဲက မင်းသမီး Oh Se Young တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး webtoon ကို အခြေခံရိုက်ကူးထားတဲ့ “What a Boss Wants" ဆိုတဲ့ စီးရီးအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ - ဇာတ်လမ်းအညွှန်း - SY Entertainment ကို ဦးစီးဦးဆောင်ပြုလုပ်နေပြီး AI နည်းပညာနယ်ပယ်ရဲ့ ပါရမီရှင်ဖြစ်တဲ့ ဂွန်ဒိုဟျော့ (Sung Hoon) ဟာ ထိခိုက်ဒဏ်ရာရရင်တောင် မနာကျင်နိုင်တဲ့အထိ အေးစက်မာကြောလွန်းတဲ့ လူတစ်ယောက်ပါ။ တစ်နေ့ အမှတ်မထင်ကြားလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသံဟာ ဂွန်ဒိုဟျော့ရဲ့ စိတ်ဝေဒနာတွေကို သက်သာရာရစေပြီး မခံစားဖူးတဲ့ခံစားချက်တွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ဒိုဟျော့ လိုက်ရှာနေခဲ့ရတဲ့ အမှောင်မိုက်ဆုံးအချိန်တွေမှာ အားအင်ဖြစ်စေတဲ့ အသံပိုင်ရှင်မိန်းကလေးဖြစ်တဲ့ အီအွန်းချယ် (Oh Se Young) နဲ့ တွေ့ဆုံဖြစ်လာတဲ့အခါမှာတော့... AI ထက်တောင် အေးတိအေးစက်နိုင်တဲ့ ဂွန်ဒိုဟျော့နဲ့ ဂွန်ဒိုဟျော့ကို အရင်နဲ့မတူဘဲ နူးညံ့နွေးထွေးလာအောင် ဖန်တီးပေးနိုင်တဲ့ အီအွန်းချယ်တို့ကြားထဲက ပေါက်ဖွားလာမဲ့ အချစ်သံစဉ်လေးကို လိုက်ပါစီးမျောနိုင်စေဖို့ အပတ်စဉ် ဗုဒ္ဓဟူး နဲ့ ကြာသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးနော်။ Aired: Nov 11, 2026 - Dec 17, 2026 Aired On: Wednesday, Thursday Genres: Comedy, Romance, Drama Episodes: 12 Original Network: MBN
အပိုင်းများ
1 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း