Happy Anding
Happy Anding (2026) +++++++++++++++++++ အပိုင်းသစ် (1) “ အိပ်မက်တွေ အကောင်အထည်မဖော်နိုင်သေးတဲ့အခါ ဘဝကို အရှုံးပေးလိုက်ဖို့ မလိုပါဘူး တစ်ခါတလေ အစကနေ ပြန်စဖို့ သတ္တိရှိဖို့ပဲ လိုအပ်တာပါ ” ဒီကားလေးထဲမှာတော့ အားလုံးနဲ့ ရင်းနှီးပြီးသားသရုပ်ဆောင်တွေဖြစ်တဲ့ Kang Hoon , Jo Hyun Chul, Kim Jung Jin , Lee E Dam, Choi Moon Hee, Yoon Ga Yi အပြင် တခြားသရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအညွှန်း Tae Gu, Kin Nam Il နဲ့ Han Jun Seo ဆိုတဲ့ လူငယ်လေး သုံးယောက်ဟာ “Asura” ဆိုတဲ့ လူသိမများတဲ့ ဟာသအဖွဲ့လေးထဲမှာပဲ သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ စိတ်အားထက်သန်မှုတွေနဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို ၁၀ နှစ်တိုင်တိုင် အလုံးစုံ နှစ်မြှုပ်ထားခဲ့ကြပါတယ်။ ပရိသတ်တွေ ရယ်မောပျော်ရွှင်ရဖို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ အောင်မြင်မှုနဲ့တော့ အလှမ်းဝေးနေဆဲပါ။ အချိန်တွေ အများကြီး ပေးဆပ်ခဲ့ပေမဲ့လည်း မျှော်လင့်ထားသလို ဖြစ်မလာဘဲနဲ့ ဘဝရဲ့ အချိုးအကွေ့နဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့ အောင်မြင်ဖို့ မလွယ်ကူတဲ့ အိပ်မက်နောက်ကိုပဲ ဆက်လိုက်ကြမလား၊ အဖွဲ့ကို ဖျက်သိမ်းပြီး ကိုယ့်လမ်းကိုယ် ဆက်လျှောက်ကြမလားဆိုတဲ့ ရွေးချယ်ရခက်တဲ့ အခြေအနေတစ်ခုနဲ့ ရင်ဆိုင်လာရပါတော့တယ်။ အဲဒီလိုနဲ့ လမ်းပျောက်နေတဲ့ သူတို့ရဲ့ဘဝဟာ Go Eun Young နဲ့ Go Ji Yeong ဆိုတဲ့ ညီအစ်မနှစ်ဦးနဲ့ ဆုံတွေ့ခဲ့ရာကနေ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ပေါ်ပေါက်လာပါတော့တယ်။ Eun Young ကိုယ်တိုင်ကလည်း သူမရဲ့ အသက်မွေးဝမ်းကြောင်းမှာ ကြီးမားတဲ့ ရှုံးနိမ့်မှုတစ်ခုကြောင့် စိတ်ဓာတ်ကျပြီး ပြိုလဲနေတဲ့အချိန်မှာ သူတို့အဖွဲ့နဲ့ ပတ်သက်မိခဲ့ရာကနေ အဓိပ္ပာယ်မဲ့နေတဲ့ သူမရဲ့ဘဝဟာ ပြန်လည်အသက်ဝင်လာပါတော့တယ်။ အဲဒီလို ဘဝရဲ့ ခါးသီးတဲ့ လောကဓံတွေ၊ မတူညီတဲ့ နောက်ခံအကြောင်းအရာတွေနဲ့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ လူငယ်လေးငါးယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမကူညီရင်း ကိုယ်စီရဲ့ အိပ်မက်တွေနဲ့ အောင်မြင်မှုတွေဆီ ဘယ်လိုကြိုးစားလျှောက်လှမ်းသွားကြမလဲဆိုတာကို ဟာသလေးနဲ့ ပေါ့ပေါ့ပါးပါးရိုက်ကူးပုံဖော်ထားပြီး ဘဝမှာ အခက်အခဲတွေ ကြုံတွေ့နေရသူတွေ အဖို့လည်း စိတ်ခွန်အားဖြစ်စေမယ့် ဇာတ်ကားကောင်းလေးတစ်ကားမို့ လက်လွှတ်မခံသင့်ပါဘူးနော်။ Episodes: 12 Aired: Nov 11, 2026 - Dec 17, 2026 Aired On: Wednesday, Thursday Original Network: tvN Duration: 1h 10m Genres: Comedy, Romance, Life, Youth
အပိုင်းများ
1 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း