The Assassin (2025) S1 ++++++++++ အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဒီဇာတ်လမ်းတွဲလေးကတော့ အငြိမ်းစားယူထားတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမား ဂျူလီ ရဲ့ အက်ရှင်- သည်းထပ်ရင်ဖို ဒရာမာ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ IMDb rating 6.3 ထိရရှိထားပြီး အပိုင်း ၆ ပိုင်းပါဝင်မှာပဲဖြစ်ပါတယ်။ Keeley Hawes နဲ့ Freddie Highmore တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂရိကျွန်းလေးတစ်ခုမှာ ငြိမ်းချမ်းစွာ နေထိုင်နေတဲ့ အငြိမ်းစားလုပ်ကြံသတ်ဖြတ်ရေး သမား ဂျူလီ ဟာ သူ့ရဲ့သား အက်ဒ်ဝေါ့ဒ် ရောက်ရှိလာတဲ့အချိန်မှာပဲ တိုက်ဆိုင်စွာ သူ့ရဲ့ အန္တရာယ်များတဲ့အတိတ်က သူ့နောက်ကိုလိုက်လာပြီးတော့ လုပ်ကြံသတ်ဖြတ်သူများရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အက်ဒ်ဝေါ့ဒ် ဟာလည်း သူ့ရဲ့ဖခင်ဖြစ်သူနဲ့ သူ့အမေတို့ရဲ့ အတိတ်နဲ့ ပက်သက်ပြီး အဖြေရှာနေခဲ့တာပါ။ သားအမိနှစ်ယောက်သား အသက်အန္တရာယ်နဲ့ ရင်ဆိုင်လာရတဲ့ အချိန်မှာ ဂျူလီအနေနဲ့ သူ့ရဲ့သားကို ကာကွယ်ဖို့ကြိုးစားရင်း ဥရောပတစ်ခွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။ သူတို့ကို သတ်ဖို့ကြိုးစားနေတဲ့သူဟာ ဘယ်သူဖြစ်မလဲဆိုတာ အဖြေရှာရင်း သားအမိနှစ်ယောက်ကြားက လျှို့ဝှက်ချက်တွေ ဆက်ဆံရေးတွေ ကို စိတ်ဝင်စားစရာ plot twist တွေနဲ့ တစ်ပိုင်းချင်းစီ ချိတ်ဆက် တင်ဆက်ထားတာဖြစ်လို့ ကြည့်ရတာ တကယ်တန်တဲ့ ဇာတ်လမ်းတွဲလေး တစ်ခုဖြစ်မှာပါ။ Size – 1.3GB / 628 MB Quality –WEB-DL 1080p HEVC / 720p Episodes - 6 Eps Duration - 56m Subtitle – Myanmar Hardsub Format – mkv /mp4 Genre :Drama , Thriller
ဇာတ်ကားကြည့်ရန်