Kong Tao (2026) "မသိရင်မစမ်းနဲ့... အောက်လမ်းဆိုတာ အသက်နဲ့ရင်းရတဲ့ ကစားပွဲ" Horror ဖန်တွေ၊ အထူးသဖြင့် ထိုင်းအောက်လမ်းကား အကြမ်းစားတွေ ကြိုက်တဲ့ ဘော်ဒါတွေအတွက် ၂၀၂၆ ခုနှစ် မတ်လကမှ အသစ်စက်စက်ထွက်ထားတဲ့ "Kong Tao" ဆိုတဲ့ ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားမှာ ဝါရင့်မင်းသား Philip Keung နဲ့အတူ မလေးမင်းသားကြီး Bront Palarae, ပရိသတ်အချစ်တော် ထိုင်းမင်းသမီး Kao Supassrathip တိုက အဓိကပါဝင်အားဖြည့်ထားတာဖြစ်လို သရုပ်ဆောင်ပိုင်းကတော့ အထူးပြောနေစရာ မလိုတော့ဘူးပေါ့။ ဇာတ်လမ်းကတော့ horror content တွေတင်ဆက်နေတဲ့ နာမည်ကြီးချင်တဲ့ Influencer တစ်စုဟာ ထိုင်းနိုင်ငံကို ခရီးထွက်လာရာကနေ အစပျိုးထားပါတယ်။ Content ကောင်းကောင်းရဖို၊ လူစိတ်ဝင်စားမှုရဖိုအတွက် မစူးစမ်းသင့်တဲ့ လျှိဝှက်ချက်တွေကို သွားစူးစမ်းမိရာကနေ သူတိုထင်မထားတဲ့ အိပ်မက်ဆိုးကြီးနဲ့ ထိပ်တိုက်တိုးပါတော့တယ်။ သူတိုအဖွဲထဲက လူတွေဟာ တစ်ယောက်ပြီးတစ်ယောက် အကြောင်းရင်းရှာမရဘဲ ထူးထူးဆန်းဆန်း သေဆုံးလာတဲ့အခါ... ဒီသေဆုံးမှုတွေရဲ့ နောက်ကွယ်က အောက်လမ်းပညာနဲ့ ဆက်စပ်နေတဲ့ ကြောက်မက်ဖွယ် လျှိဝှက်ကြံစည်မှုကြီးက ဘာလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ သာမန်သရဲခြောက်တာမျိုးမဟုတ်ဘဲ အောက်လမ်းအတတ်တွေ၊ ကြောက်မက်ဖွယ် ကျိန်စာတွေနဲ့ ခြောက်လှန့်ထားတဲ့ Supernatural Horror နဲ့ Suspense အမျိုးအစား ဇာတ်ကားဖြစ်လို ကြည့်နေရင်းနဲ့ ကျောထဲစိမ့်သွားစေမယ့် Vibe မျိုးပါ။ အောက်လမ်းဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း မွန်းကျပ်စရာ အငွေ့အသက်တွေ အပြည့်ပါလို ညဘက် တစ်ယောက်တည်းကြည့်ရင်တော့ နောက်ကျောလုံအောင် သတိထားဖို ကြိုပြောထားပါရစေ။
ဇာတ်ကားကြည့်ရန်