Once Upon a Time in the Middle East (2026) +++++++++++++++ 9-11အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်မှာ အမေရိကန်နဲ့အရှေ့အလယ်ပိုင်းစစ်ရေးတွေပြင်းထန်နေတဲ့ကာလမှာ အရှေ့အလယ်ပိုင်းမှာ အလုပ်သွားလုပ်တဲ့ တရုတ်စားဖိုမှူးတစ်ယောက်ရဲ့ စစ်မြေပြင်ပေါ်မှာ အန္တရာယ်တွေကြားကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအကြောင်းကိုပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ရွှီဖူဆိုတဲ့ တရုတ်စားဖိုမှူးတစ်ယောက်ဟာ အကြွေးတွေဆပ်ဖို့နဲ့ မိသားစုကိုထောက်ပံ့ဖို့အတွက် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုကို အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ဆိုင်မန်နေဂျာ မာကျွင့်ရှန်းနဲ့တွေ့ပြီး လုံ(နဂါး)စားသောက်ဆိုင်ကို အတူတူလုပ်ကိုင်ခဲ့ပါတယ်။ စားဖိုမှူးရွှီရဲ့ စစ်မှန်တဲ့တရုတ်ဟင်းလျာလက်ရာကြောင့် လုံစားသောက်ဆိုင်လေးက အချိန်တိုအတွင်းမှာပဲ ကျော်ကြားပြီး နာမည်ကြီးလူသိများလာပါတယ်။ အရာရာဟာအဆင်ပြေနေချိန်မှာ မထင်မှတ်ပဲ စစ်ပွဲကြီးဖြစ်လာတော့ အခြေအနေတွေက အရှိန်အဟုန်နဲ့ဆိုးရွားသွားပါတယ်။ စစ်မီးလျှံတွေကြားမှာ ဘယ်သူမှမလွတ်မြောက်နိုင်သလို စားဖိုမှူးရွှီနဲ့ မန်နေဂျာမာတို့ဟာလဲ စစ်ပွဲဆိုတဲ့ ကပ်ဘေးကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။ ပစ်ခတ်သံတွေနဲ့ရှုပ်ထွေးနေတဲ့ စစ်မြေပြင်ကြီးမှာ သူတို့နှစ်ယောက်ဟာ စားသောက်ဆိုင်လေးကိုကာကွယ်ရင်း ရှင်သန်ရေးအတွက် အသက်လုရုန်းကန်ကြခဲ့ရတဲ့ ဘဝအတွက်မမေ့နိုင်တဲ့ကာလအပိုင်းအခြား အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်။ File Size… (2.65GB) / (1.48GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…2h 20m Genre …Drama and War Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်