Can You Keep a Secret? (2026) S1 +++++++++++++++ အပိုင်း ( ၁ မှ ၆ ) အထိ စ / ဆုံး ဒီဇာတ်လမ်းတွဲဟာ ဗြိတိန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ "Canoe Man"အမှုကို အခြေခံပြီး ခပ်နောက်နောက် ခပ်ရွှဲ့ရွှဲ့ ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ Dark Comedy အမျိုးအစား ဖြစ်ပါတယ်... ဇာတ်လမ်းကတော့ ဒက်ဘီဖန်ဒန်ဆိုတဲ့ အမျိုးသမီးကြီးဆီကနေ စတင်ပါတယ်။ သူမရဲ့ခင်ပွန်း ဝီလီယမ် ဟာ မတော်တဆမှုတစ်ခုမှာ သေဆုံးသွားပြီလို့ လူတိုင်းက မှတ်ယူလိုက်ကြတဲ့အခါ ဒက်ဒီက အမှန်တရားကို ဖွင့်မပြောဘဲ "အသက်အာမခံကြေး" ရဖို့အတွက် အကွက်ချပါတော့တယ်။ သူမဟာ ဝီလီယမ်ကို အပြင်လောကမှာ သေဆုံးပြီးသားလူအဖြစ် ဟန်ဆောင်ခိုင်းပြီး သူတို့အိမ်ရဲ့ အိမ်ခေါင်မိုးထပ်ထဲမှာ နေခိုင်းထားလိုက်ပါတယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာတင် မပြီးသွားပါဘူး။ လျှို့ဝှက်ချက်ကို သိနေတဲ့ သူတို့ရဲ့သားဖြစ်သူ ဟယ်ရီဟာ စိတ်ဖိစီးမှုတွေကြောင့် ရူးကြောင်ကြောင် ဖြစ်လာသလို ဟယ်ရီရဲ့ ဇနီးကလည်း ရဲအရာရှိ တစ်ယောက် ဖြစ်နေတဲ့အခါမှာတော့... အိမ်ခေါင်မိုးပေါ်က ခင်ပွန်းသည်ကို ဘယ်လိုဆက်ဖုံးကွယ်မလဲ? ဘယ်သူတွေကရော "စပိုင်" လုပ်နေကြတာလဲ? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဟာသနှောပြီး ကြည့်ရှုရမှာပါ..... Size – 497MB Quality –WEB-DL 1080p HEVC Episodes - 6 Eps Duration - 30m Subtitle – Myanmar Hardsub Format – mkv Genre : Comedy
ဇာတ်ကားကြည့်ရန်