The Road to Marriage (2025) IMDb Rating (6.8) Menuju Pelaminan" (The Road to Marriage) ဟာနာမည်ကြီး အင်ဒိုဒါရိုက်တာ Yuda Kurniawan ရဲ့လက်ရာအသစ်ဖြစ်ပြီး မျိုးနွယ်စုချင်းမတူတဲ့ ချစ်သူနှစ်ဦးရဲ့ မင်္ဂလာပွဲခရီးစဉ်ကို ရယ်စရာ၊မောစရာ၊ ရင်ခုန်စရာတွေနဲ့ပုံဖော်ထားတဲ့ Drama Comedy ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရာမား ဆိုတဲ့ကောင်မလေးကို အသက်ထက်ချစ်ပြီး မဖြစ်ဖြစ်အောင်လက်ထပ်ယူဖို့သစ္စာဆိုထားတဲ့ ဖာဂျာ ဆိုတဲ့လူငယ်လေးဘက်ကနေ စတင်ထားပါတယ်။ ဒါပေမယ့် သူတို့မိသားစုနောက်ခံတွေ၊ယဉ်ကျေးမှုကွာခြားမှုတွေကြောင့် ဒီအခြေအနေရောက်အောင် မနည်းညှိနှိုင်းထားခဲ့ရတာဖြစ်ပြီး စေ့စပ်ကတည်းက ပြဿနာပေါင်းစုံရှိခဲ့ကြတာပါ။ မင်္ဂလာပွဲရက်နီးကပ်လာချိန်မှာတော့ အဘိုးဖြစ်သူကမြေးတွေရဲ့လက်ထပ်ပွဲကို သူကိုယ်တိုင်မဖြစ်ဖြစ်အောင်တက်မယ်လို့ တောင်းဆိုလာတဲ့အချိန်မှာ အဘိုးရဲ့ဆန္ဒကိုမလိုက်လျောလို့မရတာကြောင့် ဖာဂျာ မိသားစုဟာ အိုဟောင်းနေတဲ့ ဗန်ကားအိုကြီးတစ်စီးနဲ့ ဂျိုကာကာတာကနေသတို့သမီးရှိရာ ဆူမတြားအနောက်ပိုင်းအထိခရီးကို ထွက်လာခဲ့ကြပါတယ်။ ရိုးရာဒန်းဆိုးပွဲမတိုင်ခင် နှစ်ရက်ပဲအချိန်ရတဲ့ အခြေအနေမှာ ကားကလည်းဖောက်၊ လူတွေကလည်းဖောက် ပြဿနာပေါင်းစုံ အလွဲပေါင်းစုံနဲ့လေးရက်တိုင်တိုင်ကြာသွားတဲ့အခါမှာတော့ ဖာဂျာတစ်ယောက် မင်္ဂလာပွဲအမှီအရောက်သွားနိုင်ပါ့မလား၊ ယဉ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခု ဘယ်လိုစေ့စပ်ညှိနှိုင်းကြမလဲဆိုတာကို ရယ်ရင်း မောရင်း ကြည်နူးစရာအတိနဲ့ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ File size… (1.4 GB) / (860 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:48:57 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်