★ 3.3
ဇာတ်ကား / 202397 Minutes
ခရီးသည်လေယာဉ်တစ်စီးကို အကြမ်းဖက်သမားတွေ စီးနင်းထိန်းချုပ်ထားပြီး လေယာဉ်ပေါ်မှာ လောင်စာက ၉၇ မိနစ်စာပဲ ကျန်တော့တယ်။ ဒါပေမယ့် သူတို့ဘက်က ဘာတောင်းဆိုချက်မှ မပေးလာသလို ဆက်သွယ်တာလည်း မရှိတဲ့အတွက် ဘာရည်ရွယ်ချက်နဲ့ ပြန်ပေးဆွဲထားကြတာလဲဆိုတာ မသိရဘူး။ မြေပြင်ကနေ ဒီကိစ္စကို ကိုင်တွယ်နေတဲ့ NSA ဒါရိုက်တာနဲ့ လက်ထောက်ဒါရိုက်တာတို့ကြားမှာလည်း သဘောထားကွဲလွဲနေကြပါတယ်။ ခရီးသည်တွေအတွက် မျှော်လင့်စရာတစ်ခုက အကြမ်းဖက်သမားတွေကြားမှာ အသွင်ယူဝင်ရောက်ထားတဲ့ အေးဂျင့်တစ်ယောက် ရှိနေတာပါ။ ဒါပေမယ့် သူတစ်ယောက်တည်းနဲ့ ကျန်တဲ့သူအားလုံးကို ရင်ဆိုင်ဖို့က မလွယ်ဘူး။ လောင်စာကုန်ဖို့ အချိန်နီးလာနေချိန်မှာ အကြမ်းဖက်သမားတွေရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ ကျန်တဲ့ ၉၇ မိနစ်အတွင်း ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား၊ ခရီးသည်တွေကရော ဘယ်လိုကြမ္မာမျိုး ကြုံရမလဲ။
ဇာတ်ကားကြည့်ရန်