Hazard (2024) IMDb Rating (7.2) / Rotten Tomatoes (90%) ဘဝမှာ အကြိမ်ကြိမ်ပြိုလဲပြီး ပြန်ထနိုင်သူတွေဟာ သူရဲကောင်းတွေဆိုရင် ချောက်ကမ်းပါးထက်နက်တဲ့ မူးယစ်ဆေးသံသရာကနေ လွတ်မြောက်ဖို့ ကြိုးစားရုန်းကန်နေသူတွေဟာလည်း ချီးကျူးထိုက်သင့်သူတွေပါပဲ။ ဒီ Hazard ဆိုတဲ့ ရုပ်ရှင်မှာ Sara နဲ့ Will တို့ဟာ သူတို့သားလေး Morgan အတွက် မူးယစ်ဆေးနွံထဲက လွတ်မြောက်အောင် ရုန်းကန်ကြပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ Sara က ဆေးဖြတ်ထားတာ တစ်နှစ်ကျော်နေပြီး သားဖြစ်သူ Morgan ကို သန့်ရှင်းရေးအလုပ် လုပ်ပြီး တစ်ကိုယ်တည်း ထိန်းကျောင်းနေတာပါ။ Will ကတော့ သားနဲ့ အမျိုးသမီးဖြစ်သူဆီ မကြာခဏ လာလည်ပါတယ်။ သူကိုယ်တိုင်ကတော့ ဆေးအရောင်းအဝယ်လုပ်ရင်း တစ်ရက်မှာ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက်ကို ဆေးရောင်းမိသွားပါတယ်။ အဲ့ဒီမိန်းကလေး ဆေးလွန်ပြီး သေဆုံးသွားတဲ့အခါ Sara ရဲ့ အစ်ကိုဖြစ်သူ ရဲမှူး John က အမှုနောက်ကြောင်းကို စုံစမ်းစစ်ဆေးပါတော့တယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားပေးပါ။ File size… (2.6 GB) / (900 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:28:47 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်