Renfield
မုဆိုးတွေနဲ့ တိုက်ခိုက်ရင်း ဒဏ်ရာအပြင်းအထန်ရထားတဲ့ ဒရက်ကူလာဟာ စွမ်းအားပြန်ပြည့်လာဖို့ စောင့်ရင်း ခေတ်သစ်ကမ္ဘာမှာ ပုန်းခိုနေရပါတယ်။ သူစားသုံးဖို့ လူသားတွေကို ရှာပေးရသူကတော့ အမှုထမ်းရန်ဖီးပါ။ ဒါပေမဲ့ ရန်ဖီးက စိတ်ရင်းမဆိုးသူမို့ လူရှာပေးရတဲ့အခါ တတ်နိုင်သမျှ လူဆိုးတွေကိုပဲ ရွေးရှာပေးနေတယ်။ တစ်နေ့မှာ လူဆိုးဂိုဏ်းတစ်ခုရဲ့လက်ချက်နဲ့ သေတော့မယ့် ရဲမေတစ်ယောက်ကို ရန်ဖီး ကယ်တင်လိုက်ပါတယ်။ အဲဒီနောက် လူကောင်းတစ်ယောက်အဖြစ် နေချင်စိတ်ပေါက်လာပြီး ဒရက်ကူလာကို စွန့်ခွာလာတယ်။ ဒီကနေ ရဲတွေ၊ လူဆိုးတွေ၊ ဒရက်ကူလာနဲ့ သူ့အမှုထမ်းတို့ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဆက်ထားတဲ့ ထိတ်လန့်ဟာသဇာတ်ကားပါ။ ဒရက်ကူလာအဖြစ် နီကိုလက်ကေ့၊ ရန်ဖီးအဖြစ် နီကိုလက်ဟောက်နဲ့ ရဲမေ ရေဘက်ကာကွင်စီအဖြစ် အော်ကွာဖီနာတို့ ပါဝင်ထားပါတယ်။ ရန်ဖီးဆိုတဲ့နာမည်ကို ဒရက်ကူလာဝတ္ထုထဲက အမှုထမ်းရဲ့နာမည်အတိုင်း ယူထားပြီး ရေဘက်ကာကွင်စီရဲ့နာမည်ကလည်း အဲဒီဝတ္ထုထဲက အမေရိကန်ဇာတ်ကောင် Quincey P Morris ကို အမှတ်တရ ရည်ညွှန်းထားတာပါ။
ဇာတ်လမ်းအကြောင်း