ာတ်ကားဟာ IMDb မှာ 7.3/10 ရရှိထားပြီး ကိုယ်ရဲ့ကလေးနဲ့အတူကြည့်လို့ကောင်းမယ့် ရိုးရှင်းတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ကလေးတွေအတွက် ခင်မင်မှုရဲ့အရေးပါမှုကို သင်ကြားပေးနိုင်မယ့်ဇာတ်လမ်းတိုလေးပါပဲ။ Tabby McTat” (2024) ဟာ Julia Donaldson နဲ့ Axel Scheffler ရဲ့ ကလေးစာအုပ်ကို အခြေခံထားတဲ့ ဗြိတိန်ထုတ်ကာတွန်းရုပ်ရှင်ဖြစ်ပြီး၊ Jac Hamman နဲ့ Sarah Scrimgeour တို့ ဒါရိုက်တာအဖြစ် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားမှာ Jodie Whittaker၊ Rob Brydon၊ Sope Dirisu နဲ့ Susan Wokoma တို့က အသံသရုပ်ဆောင်များအဖြစ် ပါဝင်ထားပါတယ်။ တေးဂီတဝါသနာပါတဲ့ ကြောင်လေးဖြစ်တဲ့ တက်ဘီ မက်တက်နဲ့ သူ့ရဲ့သူငယ်ချင်း ဖရက်ဒ်ဆိုတဲ့ လမ်းဘေးဂီတသမားတစ်ဦးတို့ရဲ့ဘဝအကြောင်းလေးပါပဲ။ တက်ဘီဟာ ဖရက်ဒ်နဲ့အတူ လမ်းပေါ်မှာ သီချင်းဆိုရင်း ပရိသတ်ကို ဖျော်ဖြေပေးပြီး၊ သူတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကြည်နူးစရာလေးပါပဲ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် တက်ဘီနဲ့ ဖရက်ဒ်တို့ ခွဲခွာသွားရပြီး၊ တက်ဘီဟာ ဆော့ခ်စ်ဆိုတဲ့ ကြောင်လေးတစ်ကောင်နဲ့ တွေ့ဆုံပြီး သူ့ဘဝလေးဟာ ပြောင်းလဲသွားပါတယ်။ ဒီဇာတ်ကားကို ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်မှာ BBC One မှာ ပထမဆုံးပြသခဲ့ပြီး၊ ၂၀၂၄ ဖေဖော်ဝါရီမှာ PBS Kids မှာ ထုတ်လွှင့်ခဲ့ပါတယ်။ File Size… (365 MB) Quality… WEB-DL 1080p HEVC Format…mkv Duration…25m Genre ….Animation , Family Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်