Scrubs (2026) Season 01 (Complete) IMDb Rating (8.3) / Rotten Tomatoes (89%) ၂၀၀၁ ကနေ ၂၀၁၀ အထိ တဟားဟားရယ်ရပြီး တစ်ခါတစ်လေ မျက်ရည်ပါကျရတဲ့ ဆေးရုံနောက်ခံ ဟာသဇာတ်လမ်းတွဲကြီး Scrubs ကို အခု ၂၀၂၆ မှာတော့ အဲဒီဇာတ်လမ်းတွဲကြီးကို ABC ကနေ Season 10 အနေနဲ့ အပိုင်း ၉ ပိုင်း ပြန်လည်အသက်သွင်းလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို မူလဖန်တီးရှင်ဖြစ်တဲ့ Bill Lawrence ကပဲ ပြန်လည်ဦးစီးထားပြီး အဓိက သရုပ်ဆောင်ဟောင်းတွေ အကုန်နီးပါး ပြန်ပါလာတာကတော့ ပရိသတ်ဟောင်းတွေအတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။ ဇာတ်လမ်းအကျဉ်း Sacred Heart ဆေးရုံကြီးကနေ J.D. ထွက်သွားခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အခုတော့ သူက San DiFrangeles မြို့မှာ သူဌေးတွေအတွက် သီးသန့်ဆရာဝန် (concierge doctor) အဖြစ်နဲ့ အေးအေးလူလူ အလုပ်လုပ်နေတာပေါ့။ ဒါပေမဲ့ လူနာတစ်ယောက်ကိစ္စနဲ့ ဆေးရုံဟောင်းကြီးကို တိုက်တိုက်ဆိုင်ဆိုင် ပြန်ရောက်လာချိန်မှာ ဇာတ်လမ်းစတော့တာပဲ။ အဲဒီမှာ သူ့ရဲ့ ဆရာဟောင်း Dr. Cox က အရင်လို ဆရာဝန်ပေါက်စလေးတွေကို ခပ်ကြမ်းကြမ်း သင်ပေးလို့မရတော့ဘဲ၊ HR စည်းမျဉ်းတွေ၊ ခေတ်သစ်လူငယ်တွေရဲ့ အနေအထိုင်တွေကြားမှာ အခက်တွေ့နေတာကို J.D. က သွားတွေ့တယ်။ အဲဒီလိုနဲ့ J.D. တစ်ယောက် Dr. Cox ရဲ့ တောင်းဆိုမှုနဲ့ Chief of Medicine ရာထူးကို လက်ခံလိုက်ပြီး ဆရာဝန်သစ်လေးတွေကို သူဘယ်လို ကိုယ်ပိုင်ဟန်နဲ့ သွန်သင်မလဲ၊ သူ့ရဲ့ ချစ်သူငယ်ချင်းကြီး Turk နဲ့ရော အရင်လို ဘယ်လိုတွေ ကမောက်ကမ လုပ်ကြဦးမလဲ ဆိုတာကို ဆက်ကြည့်ရမှာပါ။ အချိန်အကြာကြီး နေမှ ပြန်ရိုက်တဲ့ ဇာတ်လမ်းတွဲတွေက များသောအားဖြင့် သိပ်မဟန်တတ်ကြပေမယ့်၊ Scrubs 2026 ကတော့ တကယ့်ကို ခြွင်းချက်လို့ ပြောရမယ်။ J.D. နဲ့ Turk တို့ရဲ့ သံယောဇဉ်က အရင်လိုပဲ အသက်ဝင်နေတုန်းပဲ။ အရင်ကလို ရူးကြောင်ကြောင် စိတ်ကူးယဉ်ခန်းတွေ၊ ဟာသတွေ ပါသလို တကယ့်ကို ရင်ထဲထိသွားစေမယ့် အခန်းလေးတွေလည်း သေချာ ထည့်သွင်းထားတယ်။ ပရိသတ်ဟောင်းတွေအတွက်တော့ အလွမ်းပြေစေမယ့်အပြင်၊ အရင်က မကြည့်ဖူးတဲ့ သူတွေအတွက်ပါ အေးဆေးကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါး ဇာတ်လမ်းတွဲတစ်ခု ဖြစ်တာမို့ အချိန်ပေးပြီး သွားကြည့်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ File size… (480 MB) / (250 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 00:22:43 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်