Shark Frenzy (2026) ဒါကတော့ ငါးမန်းကြောက်တတ်သူတွေ လုံးဝမကြည့်သင့်တဲ့ ငါးမန်းကား survival thriller အကြမ်းတစ်ကားပဲ ဖြစ်ပါတယ်။ 18 နှစ်အရွယ် ကောင်မလေး Toni Miller က ခေါင်းမာပြီးတော့ ထိန်းမရတဲ့ ဆက်ကျော်သက်လေးပါ။ သူ့မိဘတွေက ကမ်းခြေစောင့်တပ်ဖွဲ့ဝင် အရာရှိတွေဖြစ်ပြီးတော့ မိသားစုအပန်းဖြေပိတ်ရက်အနေနဲ့ ကမ်းခြေကို ရောက်လာကြပါတယ်။ ဖခင်ဖြစ်သူ Robb က သူ့ရဲ့အလုပ်ကြောင့် ပင်လယ်ပြင်ရဲ့ အန္တရာယ်တွေကို နားလည်လို့ Toni ကို အခုမှတွေ့တဲ့ ကောင်လေးနဲ့ ဘင်္ဘောအပျော်စီးဖို့ ခွင့်မပြုခဲ့ပါဘူး။ ဒီလိုနဲ့ စကားများကြပြီး Toni က မြှောက်ပေးတဲ့ သူ့သူငယ်ချင်း Chelsea နဲ့အတူ မောင်လေးကိုပါခေါ်ပြီး စကားနားမထောင်ဘဲ ခိုးထွက်သွားပါတော့တယ်။ ဒါပေမဲ့ သူတို့သူငယ်ချင်းအုပ်စုတွေ အပန်းဖြေပျော်ပါးနေကြရင်း သင်္ဘောကို စကီးဂျက်တိုက်မိပြီး သင်္ဘောအောက်ခြေပေါက်ကာ ရေတွေဝင်လာပါတယ်။ ပိုခြောက်ခြားစရာကောင်းတာကတော့ ငါးမန်းတွေ အဖွဲ့လိုက် ဝိုင်းအုံပြီး ပင်လယ်ပြင်အောက်ခြေမှာ ကိုက်ဖြတ်ဖို့ အသင့်ရှိနေတာမို့ Toni တို့ လူငယ်တွေအဖွဲ့ သောင်တင်ပြီး တဖြည်းဖြည်းနစ်နေတဲ့ သင်္ဘောပေါ်ကနေ အသက်ရှင်သန်နိုင်ကြမလားဆိုတာကတော့...။ File size… (1.8 GB) / (1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Horror, Thriller Duration…. 01:22:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်