La Condition (2025) ပြင်သစ်စာရေးဆရာ လေယိုနော်ဒီရေကွန်ဒေါ်ရဲ့ နာမည်ကြီးဝတ္ထု Amours ကို မှီငြမ်းထားတဲ့ ရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၁၀ ခုနှစ်ဝန်းကျင်က ပြင်သစ်နိုင်ငံမှာ ဆီလက်စ်ဆိုတဲ့ မိန်းမလှလေးဟာ ချမ်းသာတဲ့ လူကုံထံအိမ်တစ်ခုမှာ အိမ်ဖော်မလေးအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီအိမ်ကြီးရဲ့ အိမ်ရှင်မဖြစ်သူ ဗစ်တွိုင်းဟာ ခေတ်စနစ်၊ ဘာသာရေးနဲ့ ပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံပြဇနီးမယားဆိုတဲ့ ဖိအားတွေအောက်မှာ စိတ်ကျဉ်းကျပ်စွာ ရှင်သန်နေရသူပါ။ အိမ်ထောင်ရေး အဆင်မပြေမှု၊ အထက်တန်းစား လူနေမှုဘဝ ဟန်ဆောင်မှုတွေနဲ့ သားသမီးမထွန်းကားမှုတွေကြောင့် ဗစ်တွိုင်းရဲ့ဘဝဟာ ခြောက်ကပ်နေခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ကြီးရှင်လင်မယားနဲ့ အိမ်ဖော်မလေး ဆီလက်စ်တို့ကြားမှာ ကံကြမ္မာအလှည့်အပြောင်းတစ်ခု ဖြစ်ပေါ်လာတဲ့အခါမှာတော့ အိမ်တစ်မိုးအောက်မှာနေတဲ့ လူတန်းစားနှစ်ခုက အမျိုးသမီးနှစ်ဦးကြားမှာ မမျှော်လင့်ထားတဲ့ ဆက်နွယ်မှုနဲ့ စိတ္တဇဆန်တဲ့ အထိမခံကိစ္စတွေ စတင်လာပါတော့တယ်။ File size… 1.26 GB / 712 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်