ဇာတ်လမ်းတွဲ / 2019EuphoriaEuphoria (2019)
IMDb Rating (8.1) / Rotten Tomatoes (78%)
Euphoria Special Episodes
ဒီနှစ်ပိုင်းကတော့ Euphoria ဇာတ်လမ်းတွဲ ပထမစီစန်အပြီး အရှိန်အဟုန်ရနေချိန် ဒုတိယစီစန် စတင်ရိုက်ကူးမဲ့အချိန်မှာ ကိုဗစ်ကြောင့် ရိုက်ကူးရေးရပ်နားလိုက်ရတဲ့ ၂၀၂၀ မှာ HBO ကနေ ထွက်ရှိလာခဲ့တဲ့ Special episodes နှစ်ပိုင်း ဖြစ်ပါတယ်။
Part 1 ကတော့ Rue တစ်ယောက် ဘူတာမှာ Jules ထားခဲ့တာခံရပြီးနောက်ပိုင်းကို ဇာတ်အိမ်တည်ထားတာဖြစ်ပြီး ခရစ္စမတ်အကြိုညမှာ Rue နဲ့ Ali တို့ နှစ်ယောက်သား စားသောက်ဆိုင်တစ်ခုထဲမှာ ထိုင်ပြီး ဘဝအကြောင်းတွေ၊ ဆေးစွဲတာတွေ၊ ဆုံးရှုံးမှုတွေ၊ တန်ဖိုးတွေအကြောင်း ပြောနေကြတာကို ရိုက်ကူးထားတာပါ။
Part 2 ကတော့ လိင်ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ သူ့ရဲ့ ခံစားချက်တွေ၊ ဖြစ်တည်မှုတွေ၊ လိုချင်တာတွေကို ဝေခွဲမရဖြစ်နေတဲ့ သူ့ဘက်က အခြေအနေကို ထုတ်ဖော်ပြသဖို့ ကြိုးစားနေတာကို ရိုက်ကူးတင်ဆက်ထားတာပါ။
ဒီတော့ ဒီနှစ်ပိုင်းဟာ သူတို့နှစ်ယောက်ရဲ့ ဇာတ်ကောင်ကို ပိုပြီးတော့ လေးလေးနက်နက် နားလည်နိုင်စေမှာ ဖြစ်သလို မကြာခင်ကမှ ပြီးသွားတဲ့ Euphoria ဇာတ်လမ်းတွဲကို အလွမ်းပြေစေမှာပါ။
Zendaya , Sydney Sweeney , Hunter Schafer ,Alexa Demie စတဲ့ တက်သစ်စ မင်းသမီးချောတွေနဲ့ရိုက်ကူးထားတဲ့ HBO ရဲ့ Teen Drama အမျိုးအစား စီးရီးဖြစ်ပါတယ်...
Sesoan-1 နဲ့ 2 နှစ်ခုထွက်ရှိထားပြီး CM မှာ 1080p Quality ထိ တင်ဆက်ထားပါပြီ။
ဇာတ်လမ်းကတော့...
အထက်တန်းကျောင်းတွေမှာဆယ်ကျော်သက်တွေကဲကြတာကိုမြင်ဖူးတယ် ဟုတ်!
ဒီကားမှာယေဘုယျအားဖြင့်တွေ့ရမှာက ဆေးစွဲနေတဲ့ဆယ်ကျော်သက်တွေရယ်၊
လူတိုင်းနဲ့ အိပ်ဖို့ပဲစဉ်းစားနေတဲ့ဆယ်ကျော်သက်တွေရယ်
ဒါတွေကအဓိကထားပြီးတော့ ပါမယ်။
သူကဇာတ်ကြောင်းကိုနောက်ကနေပြန်ပြောပြနေတဲ့ပုံစံမျိုးပါ။
ပထမဆုံးအပိုင်းပဲရှိသေးတော့ သိပ်တော့ ပြောလို့မရသေးဘူး။
ဆေးတစ်ချိန်လုံးကွဲနေတဲ့ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်
သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလူတွေအကြောင်းကို ထိုင်ပြောပြနေသလိုပဲ။
လိင်ဆက်ဆံခန်းတွေ၊ဆေးသုံးတဲ့အခန်းတွေ၊
အခုခတ်ကလေးတွေပြောလေ့ရှိတဲ့အောက်ပိုင်းကမဆင်းတဲ့
အသုံးအနှုန်းတွေကိုတွင်တွင်ကျယ်ကျယ်သုံးစွဲပြီးပြောဆိုထားတဲ့
ဒီစီးရီးမှာ ဘဲကြောင့် စိတ်ညစ်နေရတဲ့ကောင်မလေးတွေကိုတွေ့ရမယ်၊
အင်တာနက်ခေတ်ရဲ့ကြောက်စရာကောင်းတဲ့မှားယွင်းတဲ့သုံးစွဲမှုတွေ၊
မိဘတွေကြောင့် လမ်းမှားရောက်ခဲ့တဲ့ဆယ်ကျော်သက်တွေ ဒါတွေကိုအစုံရှုမြင်ခံစားရမှာဖြစ်ပါတယ်။
(အဖော်အချွတ်ခန်းတွေနဲ့ကြမ်းတမ်းတဲ့အခန်းတွေပါတာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါ။)
File Size – (1 GB) / (500 MB) (Appx;) @Episode
Quality – WEB-DL 1080p HEVC / 720p
Duration – 60 min (@Episode)
Season - 1 / Episode – 8
Subtitle – Myanmar Hardsub
Format – mkv/mp4
Genre : Adult, Coming-of-Age, Teen Drama, Drama
Translated by Charm
Encoder – Ka Naung
++++++++++
Euphoria - Season 02 (2022)
အထွေအထူး ပြောဖို့ လိုမယ်မထင်တော့ပါဘူး...
ဒီကားဟာ ခေတ်နောက်ပြန်ဆွဲသူတွေနဲ့ မသက်ဆိုင်ဘူး ...
ဒါဟာ ၂၁ ရာစု ခေတ်လူငယ်တွေရဲ့ စုတ်ပြတ်ရှုပ်ပွနေတဲ့ ကမ္ဘာတစ်ခုပါ။
အချစ်၊ အမုန်း နဲ့ ခင်မင်မှုတွေကြားမှာ လိင်၊ မူးယစ်ဆေး၊ ပါတီနဲ့ ရန်ပွဲတွေ
ရောယှက်လျက် လူငယ်တွေ အပျော်ရှာနေကြတယ်။
ဇာတ်တွေရှုပ်နေကြတယ်။ လမ်းပျောက်နေကြတယ်။
၀မ်းနည်းနေကြတယ်။ စိတ်ဓာတ်ကျနေကြတယ်။
ဒီလောကကြီးကို စိတ်၀င်စားတယ် နားလည်ကြည့်ချင်တယ်ဆိုရင်တော့
တစ်ပွဲတစ်လမ်းလောက် နွှဲစမ်းကြည့်လိုက်ပေါ့။
euphoria မှ ပြန်လည်ကြိုဆိုပါတယ် .....
File Size – (900 MB) / (500 MB) (Appx;) @Episode
Quality – WEB-DL 1080p / 720p
Duration – 60 min (@Episode)
Season - 1 / Episode – 8
Subtitle – Myanmar Hardsub
Format – mp4
Genre : Adult, Coming-of-Age, Teen Drama, Drama
Translated by Yoon Sandi Aung , Thiha Yan Naing
Encoder – SWM
ဇာတ်ကားကြည့်ရန်