Idiots (2026) IMDb Rating (6.1) / Rotten Tomatoes (63%) ဒီဇာတ်ကားကတော့ Comedy နဲ့ Crime အမျိုးအစား အမေရိကန် ဟာသရုပ်ရှင် ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို အစက The Shitheads ဆိုတဲ့ နာမည်နဲ့ ဆန်းဒါးစ် (Sundance) ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ Idiots အမည်နဲ့ ရုံတင်ခဲ့တာပါ။ ဒါရိုက်တာ Macon Blair က ရိုက်ကူးတင်ဆက်ထားပြီး အဓိက သရုပ်ဆောင်တွေအဖြစ် Dave Franco, O'Shea Jackson Jr., Mason Thames, Kiernan Shipka နဲ့ Peter Dinklage တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ အလုပ်ပြုတ်သွားတဲ့ လူငယ်နှစ်ယောက်ဆီကနေ စတင်ပါတယ်။ ဘုရားကျောင်းက လူငယ်ခေါင်းဆောင် Davis ဟာ ကလေးတွေကို မပြသင့်တဲ့ ရုပ်ရှင်သွားပြမိလို့ အလုပ်ထုတ်ခံရသလို၊ Mark ဆိုတဲ့ လူငယ်ကလည်း အလုပ်ကနေ အထုတ်ခံလိုက်ရပါတယ်။ ပိုက်ဆံလိုနေတဲ့ သူတို့နှစ်ယောက်ဟာ အင်တာနက်မှာ နာမည်ကြီးနေတဲ့ သန်းကြွယ်သူဌေးသားလေး Sheridan (Mason Thames) ကို ဆေးဖြတ်တဲ့ ဂေဟာဆီ လိုက်ပို့ပေးရမယ့် အလုပ်တစ်ခု ရလာပါတော့တယ်။ Sheridan ဆိုတဲ့ ကောင်လေးဟာ လမ်းဘေးနေ အဘိုးအို တစ်ယောက်ကို မီးရှို့ပြီး နာမည်ကြီးလာတဲ့ ကြောက်စရာကောင်းတဲ့ ကလေးတစ်ယောက်ပါ။ ဒီအလုပ်လေးက လွယ်လွယ်ကူကူ ပြီးသွားမယ်လို့ သူတို့ ထင်ခဲ့ပေမဲ့ တကယ့်လက်တွေ့မှာတော့ အဲဒီ ငတုံး နှစ်ယောက်ဟာ ကလေးရဲ့ လှည့်စားတာတွေကို ခံရပြီး ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရပါတော့တယ်။ Sheridan က သူ့ကို ပြန်ပေးဆွဲထားပါတယ် ဆိုပြီး အင်တာနက်မှာ လိမ်တင်လိုက်တဲ့အခါ တကယ် ပြန်ပေးဆွဲချင်တဲ့ ဂိုဏ်းစတားတွေရော၊ လမ်းခရီးမှာ တွေ့ရတဲ့ ထူးထူးဆန်းဆန်း လူတွေနဲ့ပါ ထိပ်တိုက်တွေ့ပြီး အသက်လု ထွက်ပြေးရမယ့် အခြေအနေတွေကို ရယ်မောစရာ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားဟာ သာမန် Road Movie တွေလို လမ်းခရီးမှာ ဖြစ်ပျက်တဲ့ အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေကို အခြေခံထားပေမဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက မှန်းရခက်ပြီး ရုတ်တရက် အလှည့်အပြောင်းတွေ အများကြီး ထည့်သွင်းထားပါတယ်။ ရယ်စရာ ဟာသပြကွက်တွေရော၊ ခပ်ကြမ်းကြမ်း မှုခင်းဇာတ်ဝင်ခန်းတွေကိုရော သေသေချာချာ ပေါင်းစပ်ဖန်တီးထားတာပါ။ ဇာတ်ကောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဟာသနဲ့ မှုခင်း ရောနှောထားတဲ့ ဇာတ်ကားကောင်းတွေကို သဘောကျတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ File size… (2.1 GB) / (925 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime Duration…. 01:40:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်